နောက်တစ်ပတ်ထဲရွာဘုန်းကြီးကျောင်းမှာဝါဆိုသင်္ကန်းကပ်ပွဲရှိတယ်၊ပွဲနေ့မှာဝတ်ဖို့အဝတ်စားနဲ့အိမ်တွက်လိုတဲ့အခြောက်ခြမ်းတွေဝယ်ဖို့မနက်ဖြန်မြို့မမြို့ဈေးသွားဖို့ရှိတယ်၊ခွန်ခမ်းတို့ရွာမှာကအသီးရွက်နဲ့ငါးပေါပေမယ့်အသားစားချင်ရင်မြို့မဈေးသွားဝယ်မှရတယ်၊မနက်ဖြန်သွားရင်ခွန်းသာကိုပါခေါသွားဖို့သတိရတယ်၊ခုနောက်ပိုင်းဆိုခွန်ခမ်းရဲ့နေ့စွဲတွေထဲမှာခွန်းသာကသတိမထားမိပါဘဲအမြဲပါဝင်နေတော့တယ်
အခုဆိုခွန်ခမ်းနဲ့ခွန်းသာကပိုပြီးရင်နှီလာကြပြီ၊ရင်းနှီးလာတာနဲ့အမျှပိုသိလာရတာကေတာ့ခွန်းသာစိတ်ကောက်ရင်တော်တော်နဲ့စိတ်မပြေဘူးဆိုတာပါဘဲ၊ဟိုတခါရှောက်ပန်းသီးကိစ္စလည်းဘယ်လိုေချာ့ချော့မရတာနဲ့အမေကိုငရုပ်သီးစိမ်းငံပြာရည်လေးနဲ့ရှောက်သီးသုပ်ခိုင်းပြီးပြန်သွားကျွေးမှဘဲစိတ်ဆိုးပြေတယ်နောက်တခါဆိုရင်တော့ခွန်းသာစိတ်ဆိုးအောင်မလုပ်မိဖို့သတိထားရတော့မယ်တကယ်မလွယ်ဘူး
ခွန်ခမ်းလည်းအိမ်ခြံစည်းရိုးနားကနေဘဲခွန်းသာကိုလှမ်းခေါလိုက်တယ်
"ကိုစိုင်းခွန်းသာ..ကိုစိုင်းခွန်းသာရှိရင်ဒီဘက်ခဏလောက်လာခဲ့ပါဦးပြောစရာရှိလို့"
"လာပြီလာပြီခဏလေးစောင့်ပါဦးခွန်ခမ်းငါဒီမှာဟင်းချက်နေလို့"
ခွန်းခမ်းကပြောပြီးခပ်သွက်သွက်လာနေတယ်လက်ထဲမှာလဲဇွန်းကြီးကိုင်ထားပြီးမျက်နှာမှာကလည်းအိုးမဲတွေကပေနေသေးတယ်
"ဘာပြောမလို့လဲမြန်မြန်ပြောငါဟင်းချက်နေတာမအားသေးဘူး"
ခွန်ခမ်းလည်းရှေ့နည်းနည်းတိုးလိုက်ပြီးခွန်းသာရဲ့ပါးမှာပေနေတဲ့အိုးမဲတွေသုတ်ပေးလိုက်တယ်၊ပြီးမှနောင်တရမိသွားတယ်ခွန်းသာရဲ့ပါးလေးတွေကအိစက်နေတာဘဲခွန်ခမ်းရင်ထဲဘယ်လိုဖြစ်သွားလဲမသိဘူး
"ခွန်ခမ်း..ခွန်ခမ်းလက်..လက်ကဖယ်တော့လေဘာပြောမှာလဲပြောတော့
ခွန်းသာပြောမှဘဲကျွန်တော်အသိပြန်ဝင်တော့တယ်"အော်..အွန်းမနက်ဖြန်မြို့ဈေးသွားမလို့လိုက်မလားလာေမးတာ၊လိုက်မှာလား"
YOU ARE READING
ခွန်းသာ(Complete)
Fantasiaseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024
