ခွန်းသာအပိုင်း၁၄

614 21 1
                                        

ပွင့်လင်းရာသီရောက်ပြီဆိုကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကိုမြို့မမြို့ကဘော်လုံးကွင်းမှာကျင်းပလေ့ရှိတယ်၊အကောင်းဆုံးပြိုင်ပွဲကတော့ဘောလုံးပြိုင်ပွဲပါဘဲ၊ဒီနေ့ခွန်းသာတို့လက်ပံရွာကျောင်းကကလေးတွေနဲ့သာစည်ရွာကကလေးတွေကန်ရမယ့်ပွဲနေ့မလို့ခွန်းသာတို့ဆရာ၊ဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေပါမကရွာထဲကလူတချို့ပါလိုက်ပါအားပေးကြတယ်၊ကျောင်း‌အားကစားပွဲဆိုပေမယ့်ရပ်ရွာကပါအားတက်တရောပါဝင်ကြတယ်

"ကလေးတွေအားကစားပြိုင်ပွဲဖြစ်တဲ့အတွက်အားကစားစိတ်ဓာတ်ဆိုတာရှိရမယ်နော်၊ပြိုင်ပွဲတစ်ပွဲမှာအနိုင်အရှုံးဆိုတာရှိပြီးထား၊ညစ်ပြီးနိုင်ရမယ်ဆိုရင်တော့အဲ့အနိုင်ကိုဆရာမကြီးတို့မလိုချင်ဘူးနော်၊တန်ဖိုးလည်းရှိမှာမဟုတ်ဘူး၊အဲ့ဒါကြောင့်အားကစားစိတ်အပြည့်နဲ့ကစားပါ၊အကောင်းဆုံးကြိုးစားပါ၊ရလဒ်ကဘာပဲဖြစ်ဖြစ်လက်ခံနိုင်ရမယ်နော်၊ကြိုးစားလိုက်ကျပါဦးကလေးတို့ရေ"

ဆရာမကြီးကမှာစရာရှိတာမှာပြီးနောက်ဆရာမများထိုင်ရန်အတွက်ချပေးထားတဲ့ခုံတွေဆီကိုသွားထိုင်နေတယ်၊ခွန်းသာတို့ဆရာ၊ဆရာမတွေကတော့အားပေးကြရန်အတွက်ကွင်းဘေး၌မတ်တပ်ရက်နေရာယူထားကြတယ်၊ဘေးနားကကျောင်းသူကျောင်းသားများအားလည်းထိန်းရင်းနဲ့ပေါ့

ပွဲစတာနဲ့ကျောင်းနှစ်ဖက်အပြိုင်အဆိုင်အားပေးသံများဆူညံနေတော့တယ်၊ပြိုင်ပွဲဝင်အားကစားသမားများကလည်းအပြင်းအထန်ကြိုးစားနေကြတယ်

"လက်ပံရွာကြိုးစားထား"

"သာစည်ရွာတဲ့ကွခြေစွမ်းပြလိုက်ကြဟေ့"

ပွဲထဲအာရုံရောက်နေတာနဲ့ခွန်းသာဘေးမှာရပ်နေတဲ့သူတွေကိုခွန်းသာသတိမထားမိတော့ပါ၊ထိုအချိန်

"ဟဲ့..နှင်းယုဘောလုံးပွဲကြည့်ရင်းနဲ့မနှစ်တုန်းကနင့်ရဲ့အကြောင်း‌လေးကိုတောင်သတိရမိသေးတယ်"ခွန်းသာဘေးနားကနေကောင်မလေးတစ်ယောက်ကနှင်းယုအားစကားပြောနေတာကိုနားစိုက်မ‌ထောင်ပါဘဲကြားနေရတယ်

"ဘာအဖြစ်လဲဟဲ့ပြောပြပါဦးမနှစ်ကငါကရွာမှာမရှိတော့မသိလိုက်ဘူး‌"နောက်ထပ်ကောင်းမလေးတစ်ယောက်ကစကားကိုဆက်ပေးလိုက်တယ်

ခွန်းသာ(Complete)Where stories live. Discover now