အခုဆိုခွန်းသာတို့လည်းသီတင်းကျွတ်ကျောင်းပိတ်ရက်ကုန်လို့ကျောင်းတွေပြန်ဖွင့်ပြီ၊ခွန်ခမ်းကတော့ဖွင့်ပြောပြီးညကတည်းကနေခုထိလာမတွေ့သေးပါ၊မတော်တဆုံခဲ့ရင်တောင်သူဘက်ကနေစလို့အကြည့်လွှဲသွားတက်တာကြောင့်ဒီကလေးငါ့ကိုချစ်တာရောဟုတ်ရဲ့လားလို့တောင်တွေးမိပါတယ်.....
ခွန်းသာကျောင်းသွားရန်ပြင်ဆင်ပြီးနောက်အိမ်ပေါ
မှဆင်းလာချိန်အိမ်အောက်၌သစ်ခွပင်ကိုလက်ထဲ၌ကိုင်ပြီးရပ်နေတဲ့ခွန်ခမ်းကိုကတွေ့လိုက်ရတာကြောင့်
"ဟင်..ခွန်ခမ်းဘယ်တုန်းကရောက်နေတာလည်း"ခွန်းသာလည်းလှေကားကဆင်းလို့အံ့သြေနသံအသံနဲ့ေမးလိုက်ပြီးခွန်ခမ်းရပ်နေတဲ့နားလေးကိုလျှောက်သွားလိုက်တယ်
"ရော့ဒီမှာမနေ့ကထင်းခွေသွားရင်းခများကြိုက်တဲ့သစ်ခွပင်တွေ့လို့ခူးလာတယ်"သူကခွန်းသာလက်ထဲကိုသစ်ခွပင်ထည့်ပေးရင်းပြောလာတယ်၊ဒါပေမယ့်ခွန်းသာကိုသေချာမကြည့်ဘဲမျက်နှာကိုလွှဲထားတယ်
ဒီကလေးသူဘဲဖွင့်ပြောပြီးသူဘဲရှက်နေတာကိုး၊အဲ့ဒါကြောင့်လဲဒီရက်ပိုင်းခွန်းသာကိုရှောင်နေတာနေမှာ၊ခွန်းသာလည်းစချင်လာတာနဲ့
"ကဲပြောပါဦးမျက်နှာကြီးကဘာကိစ္စစောင်းနေရတာလဲ၊အုံးများလွဲနေသလားခွန်ခမ်း"ခွန်းသာကစနောက်နောက်လေးပြောလိုက်တော့
"မ..မစောင်းပါဘူး၊ပြန်တော့မယ်"ပြန်တာဖြေတယ်မျက်လုံးတွေကတော့ကြည့်မလာပါ
အလောတကြီးထွက်သွားရန်ပြင်နေတဲ့ခွန်ခမ်းကို"ခဏလောက်နေပါဦးညနေကျရင်ခဏလောက်တွေ့ကြရအောင်၊ငါမင်းကိုပြောစရာရှိတယ်"ခွန်းသာပြောတော့သူကခွန်းသာမျက်နှာကိုကြည့်လာပြီး
"အဖြေပေးဖို့ဆိုမလိုသေးပါဘူး၊ခများငြင်းမှာကိုနားထောင်ဖို့အတွက်အစဉ်သင့်မဖြစ်သေးဘူး"ခွန်းခမ်းကတွေ့ဖို့ကိုအသည်းအသန်ငြင်းလာခဲ့တယ်
"ငြင်းဖို့အတွက်ဘဲမဟုတ်ပါဘူး၊တခြားပြောစရာလေးလည်းရှိသေးလို့ပါ"
"ဒါဆိုခများကငြင်းမှာသေချာနေပြီပေါ့၊အဲ့လိုဆိုရင်ကျွန်တော်မတွေ့နိုင်ဘူး"ခွန်ခမ်းကလက်တီးကိုကျစ်နေအောင်ဆုပ်ထားပြီးအသံမာမာနဲ့ပြောလာခဲ့တယ်
YOU ARE READING
ခွန်းသာ(Complete)
Фэнтезиseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024
