ခွန်းသာအပိုင်း၁၇

630 18 3
                                        

ဒီနေ့ခွန်းသာတို့အိမ်မှာမုံရွာအိမ်ကခွန်းသာရဲ့ညီမဝမ်းကွဲ
လာလည်တာကြောင့်အဖေနဲ့အမေပါမတွေ့ရတာကြာပြီဖြစ်တဲ့တူမလေးနဲ့စကားပြောနေကြတယ်၊အဖေတို့မှာလည်းသားဖြစ်တဲ့ခွန်းသာ သာရှိတာမို့သူမလေးကိုလည်းသမီးအရင်းလိုချစ်ကြတယ်၊ခွန်းသာကို‌ဂျောင်ထိုးထားကြမှာမြင်‌ရောင်နေပါသေးတယ်

"သမီးလေးရောက်လာတုန်းရွာကိုလိုက်ပြလိုက်ဦးနော်သား၊ညီမလေးကိုလည်းပြစ်ထားမနေနဲ့ဦး"

အမေကသူ့တူမကိုရွာအားလိုက်ပြခိုင်းနေတယ်၊သူ့တူမကလိုက်ဂရုစိုက်နေရအောင်ကလည်းတခြားမိန်းကလေးများကဲ့သို့နွဲ့နွဲ့နှောင်းနှောင်းမဟုတ်ပါ၊ကျောင်းတက်တုန်းကဆိုရင်လည်းယောက်ျားလေးများနဲ့ပါရန်ပြိုင်ဖြစ်တဲ့အမျိုးဖြစ်တယ်

"အမေတူမယုယုမော်ကိုဂရုစိုက်ရမှာမဟုတ်ဘူးအမေရဲ့ရွာကဘယ်မိန်းကလေးကိုသူ့လက်ကနေကာကွယ်ရမလဲသာမသိတာ"

ခွန်ခမ်းထိုသို့‌ပြောလိုက်တော့ယုယုမော်ကမျက်စောင်းတထိုးထိုးနဲ့အမေနားကိုတိုးကပ်ပြီးတိုင်ပါတော့တယ်

"တွေ့လားမေလေးကိုခွန်းကသမီးကိုဆိုရင်အကောင်းကိုမမြင်ဘူး၊ပြောမယ်ဆိုတာကြီးဘဲ"

"ကဲကဲတော်ကြတော့ဒီမောင်နှမနှစ်ယောက်တွေ့ရတာမကြာသေးဘူးအမြင်စောင်းနေကြပြီ"အဖေကြားဖျက်ပြောလာမှဘဲခွန်းသာတို့နှစ်ယောက်‌မျက်စောင်းခဲနေတာရပ်ကြတော့တယ်

"အကိုခွန်းသာ..အကိုခွန်းသာအိမ်မှာရှိလားဟင်"အိမ်ရှေ့ကနေခွန်းသာရဲ့နာမည်အားခေါ်နေတာကြောင့်အိမ်ရှေ့ကိုထထွက်လာခဲ့တယ်

"ဘယ်သူများလည်းလို့မြရည်ဘဲလာလေ၊အိမ်ထဲဝင်ခဲ့ညီမလေး"ခွန်းသာလည်းအိမ်ပေါ်ကဆင်းလို့‌အိမ်ရှေ့ကွပ်ပြစ်ပေါ်မှာလာထိုင်ရန်မြရည်အားခေါ်လိုက်တယ်"

"အကို့ကိုပြောစရာရှိလို့လာခဲ့တာ၊အကိုကြားပြီးပြီလားမသိပေမယ့်အကိုသိသင့်တယ်ထင်လို့ပါ"မြရည်ကမျက်နှာမကောင်းစွာပြောလာခဲ့တယ်

"ဘာအကြောင်းမို့လို့လည်းညီမရဲ့ပြောပါအကိုသိသင့်တယ်ဆိုမှတော့နားထောင်ရမှာပေါ့"ခွန်းသာလည်းမြရည်အားပြောရန်ရန်စကားထောက်လိုက်တယ်

ခွန်းသာ(Complete)Where stories live. Discover now