ခွန်းသာအပိုင်း၈

658 24 1
                                        

အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာခဲ့တာမနက်ဖြန်ဆိုရင်ဘဲသီတင်းကျွတ်လပြည့်နေ့ရောက်ပြီ၊ဒီတစ်ခါဆရာဆရာမတွေသင်တန်းတက်သွားရတဲ့အထဲခွန်းသာကမပါလို့ရွာမှာဘဲလပတ်စာမေးပွဲကစာဖြေလွှာတွေစစ်နေရတယ်၊သီတင်းကျွတ်တော့မှာမို့မိုးကအရင်လိုအရမ်းသည်းသည်းမဲမဲမရွာတော့ပေမဲ့တခါတရံမိုးမွားလေးတော့ကျတက်သေးတယ်

မိုးအုံ့နေချိန်မှာကော်ဖီ‌လေးသောက်လိုက်စာစစ်လိုကနဲ့ဘဲဒီနေ့တစ်ရက်သာကိုကုန်ဆုံးရန်ခွန်သာတွေးထားသည်၊မနက်ဖြန်လပြည့်ညမှာတော့ခွန်ခမ်းနဲ့အတူဆီမီးတစ်ထောင်လွှတ်လိုက်ရန်ချိန်ထားကြတယ်

သီတင်းကျွတ်လပြည့်နေ့

ဒီနေ့မနက်ခင်းမှာအဖေနဲ့အမေကသီလယူရန်ဘုန်းကြီးကျောင်းသွားမှာမို့ခွန်းသာကဘဲမီးဖိုချောင်တာဝန်ယူလိုက်တယ်၊မနက်ခင်းဆွမ်းလောင်းရန်နဲ့အဖေနဲ့အမေအတွက်ထမင်းချိုင့်ပါပို့ရမှာမို့ချက်စရာတွေကများနေတယ်၊ရွာမှာကသီလယူတဲ့လူကြီးတွေကတစ်နေ့လုံးဘုန်းကြီးကျောင်းမှာဘဲနေပြီးဥပုသ်သီတင်းစောင့်ကျတယ်

ခွန်းသာထမင်းချက်နေချိန်မှာဘဲအိမ်ရှေ့ကနေခွန်ခမ်းရဲ့ခေါသံကြားလို့ထွက်ကြည့်လိုက်တော့လက်ထဲမှာလည်းငါးဆင့်
ဂျိုင့်နှစ်ဂျိုင့်ကိုဆွဲထားပြီးယောပုဆိုးကချင်ပုဆိုးအစိမ်းရောင်အင်္ကျီလက်ရှည်အပြာဖျော့လေးဝတ်ထားတဲ့ခွန်ခမ်းကအခါတိုင်တွေ့မြင်နေ့ကျပုံစံနဲ့ကွဲလွဲစွာကြည့်ကောင်းနေတယ်၊ခွန်းခမ်းကဘယ်လိုနေနေစွဲဆောင်မှုအပြည့်ရှိတဲ့ကောင်လေးပါဘဲ

"ခွန်ခမ်းချိုင့်သွားပို့တော့မလို့လား၊ငါကချက်နေတုန်းရှိသေးတယ်မင်းသွားပို့နှင့်ရင်ပို့လိုက်လေ၊ငါ့ကိုမစောင့်နဲ့တော့"

"အချိန်ကစောပါသေးတယ်၊ကျွန်တော်ပါတခါတည်းဝင်ကူသွားလိုက်မယ်၊ခများတစ်ယောက်ထဲဆိုကြာနေလိမ့်မယ်"ခွန်ခမ်းကသူ့ယူလာတဲ့ဂျိုင်နှစ်လုံးကိုစားပွဲပေါမှာချလိုက်ရင်းပြောလာတယ်

"အဲ့လိုဆိုလည်းကောင်းတာဘဲ၊လာမီးဖိုချောင်ထဲဝင်ခဲ့လေ"
ခွန်းသာကမီးဖိုချောင်ထဲဝင်သွားလိုက်ပြီးခွန်ခမ်းကိုပါခေါလိုက်တယ်

ခွန်းသာ(Complete)Where stories live. Discover now