သူကြီးကခေါ်ထားတာကြောင့်ခွန်းသာသူကြီးအိမ်သွားရန်အမေနဲ့အတူထွက်လာခဲ့တယ်၊ရွာလမ်းတစ်လျှောက်မှာလည်းတွေ့တဲ့သူတိုင်းကသိသိသာသာရောမသိမသာရောကြည့်လို့ခွန်းသာအကြောင်းအားပြောနေကြတယ်၊အမှားလုပ်ထားတာမရှိတာမို့ဘာကိုမှဂရုမစိုက်ပေမယ့်အဖေနဲ့အမေကိုတော့အားနာမိပါတယ်၊ဒီသားကြောင့်ဘဲသူတို့မှာမျက်နှာငယ်နေရတယ်မလား
သူကြီးအိမ်ရှေ့ရောက်လို့ခြံထဲလှမ်းကြည့်ချိန်၌ကျောင်းသားမိဘအနည်းငယ်နဲ့နှင်းယုရဲ့အဒေါ်ကိုအရင်မြင်လိုက်ရတယ်၊သူကြီးကတော့ခုံ၌ထိုင်းပြီရေနွေးကြမ်းအားသောက်နေတယ်
"ဆရာလေးတို့ရောက်လာပြီဘဲလာပါထိုင်ကြထိုင်ကြ"သူကြီးကတော်ကကျွန်တော့တို့ကိုမြင်တာနဲ့သူကြီးရှေ့ကခံ၌ထိုင်ရန်နေရာပေးလာတယ်
"ခေါ်ရတဲ့အကြောင်းကိုဆရာလေးလဲသိမှာပါ"သူကြီးကခေါ်တာခေါ်လိုက်ရတယ်အားနာနေပုံပါဘဲ
"ဟုတ်ကဲ့ကျွန်တော်သိသင်သလောက်တော့သိထားပါတယ်၊အကုန်လုံးကတော့အမှန်တွေမဟုတ်ပါဘူး"ခွန်းသာလည်းဘေးမှာရဇိတဲ့သူများအားဂရုမပြုပါဘဲသူကြီးကိုသာအလေးထားပြောနေလိုက်တယ်
ဒါကိုသိတဲ့နှင်းယုအဒေါ်ကလပ်ကိုတင်းတင်းစုပ်လို့ဒေါသအားမျိုသိပ်နေတယ်
"ဘာကမှားနေလို့လည်းနင်ကြောင့်ငါ့တူမ မင်္ဂလာပွဲပျက်ပြီးအရှက်ရရတာလေ"
"မင်္ဂလာပွဲပျက်တယ်တော့မပြောပါနဲ့ဒေါ်မာစိန်ရယ်၊ကျွန်မမောင်နဲ့နှင်းယုကိုလူကြီးချင်းကစကားခေါ်ထားယုံလောက်ရှိပါသေးတယ်ရှင်၊ဒီကိစ္စကိုစကတည်းကကလေးတွေကသဘောမတူလို့ပျက်ရတာပါဆရာလေးနဲ့လည်းမဆိုင်ပါဘူး"
ဒီစကားကိုဝင်ပြောလာတဲ့သူကတော့ခွန်ခမ်းရဲ့အမကြီးနန်းခမ်းရွက်ဖြစ်တယ်၊
မနန်းခမ်းရွက်ပြောပြီးတာနဲ့ခွန်းသာဘေး၌ရပ်လို့တိုးတိုးလေးကပြောလိုက်တဲ့စကားကြောင့်ခွန်းသာအလွန်ကိုမှပျော်ရွှင်မိပါတယ်၊ပြောတာကတော့
"ခွန်ခမ်းလည်းမကြာခင်ဒီကိုရောက်လာတော့မယ်တဲ့"
“ဟယ်အံ့ဩပါတယ်အေ၊နင်တို့ကိုကအဲ့လိုမြှောက်ပေးနေမှာတော့စိုင်းခွန်ခမ်းကယောက်ျားချင်းကြိုက်တာမစမ်းပါဘူးအေ"ဒေါ်မာစိန်ကတော့ခုထိမကျေနပ်နိုင်သေးဘဲခွန်းသာတို့ကိုပုပ်ခက်နေဆဲပါဘဲ
YOU ARE READING
ခွန်းသာ(Complete)
Fantasyseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024
