"ခွန်ခမ်းရေ ပြင်လို့ဆင်လို့မပြီးသေးဘူးလား သူများတွေ ဘုန်ကြီးကျောင်းသွားကုန်ကြပြီ၊ဆီမီးထွန်းလည်းလိုက်ဦးမယ်ဆို နောက်ကျတော့မယ်"
ဒီနေ့သီတင်ကျွတ်လပြည့်ဖြစ်သာကြောင့် ခွန်သားတို့ လည်းရွာဘုရားသို့သွားခါ ဆီမီးကပ်လှူကြမှာဖြစ်သည်။ဘုရား၌ ဆီမီးကပ်လှူပြီးရင် ရွာလမ်းတလျှောက် ဆီမီးထွန်းရန် စိုက်ထူထားတဲ့ ဝါးတိုင်များတွင်လည်း ရွာသူရွာသားများနဲ့အတူ ဆီမီးများလိုက်ထွန်းကြမည်ဖြစ်သည်။ဒါကို အမောင်ခွန်ခမ်းတို့က ပြင်ဆင်နေသည်မှာမပြီးနိုင်တော့။ခွန်းသာလည်း နောက်ကျနေမှာစိုးတာကြောင့် အမြန်လုပ်ရန် ပြောနေရသည်။
"ခများကလည်း အဲ့လောက်အော်မနေပါနဲ့၊ အခုမှအစောကြီးရှိသေးတယ်၊မနောက်ကျသေးပါဘူး"
ခွန်ခမ်းက ပုဆိုးဝတ်ရင်း အိမ်ထဲမှ ထွက်လာခါ စူပုပ်ပုပ်နဲ့ပြောလာသည်။ဒီကောင်လေး သူအလိုမကျဘူးဆိုတာနဲ့ မျက်နှာကို စူပုပ်ခါ နေသည်။တခါတလေလည်း ကိုယ့်ကိုကိုယ် ယောက်ျားယူထားတာလား ကလေးမွေးထားတာလားမသဲကွဲတော့ ၊အမြဲတမ်းသူ့ကိုလိုက်ချော့နေရသည်။
"အဲ့ရုပ်ကဘာဖြစ်ပြန်ပြီလဲ၊မင့်နော် အချိုးတွေပြောင်းနေတယ်၊ငါ့ကိုလည်း ခများ၊ခများနဲ့၊အဲ့လိုခေါ်ရတာ တော်တော်သဘောကျနေတယ်ပေါ့"
ခွန်းသာက သူ့ကိုပြန်ရစ်တော့ မျက်မှောင်ကြီးကျုံ့ခါ အလိုမကျသလို ကြည့်နေပြန်သည်၊
"ခများနော် မဟုတ်သာမပြောနဲ့၊ကျုပ်က ဘယ်မှာအချိုးပြောင်းနေလို့လဲ"
"ပြောင်းလား မပြောင်းလား မင့်ကိုယ်မင့်အသိဆုံးနေမှာပေါ့၊အခုလည်းကြည့်ပါလား ငါ့ကိုလည်းကိုကိုလို့ မခေါ်ဘဲ ခများ၊ခများနဲ့ခေါ်တယ်၊မင့်ကိုမင့်လည်း အရင်လို မောင်လို့မသုံးဘဲကျုပ်လို့ သုံးနေတယ်၊အဲ့ဒါ အချိုးပြောင်းတာမဟုတ်လို့ဘာလဲ"
"အဲ့ဒါခများကြောင့်လေ"
"ဟန် ငါ့ကြောင့်၊ငါက ဘာလုပ်နေလို့လဲ"
သူအခေါ်ဝေါ်တွေ ပြောင်းနေတာ ကိုယ့်ကြောင့်ဆိုလို့ ခွန်းသာမှာ အံ့ဩတကြီးဖြစ်သွားရသည်။ငါ့ကြောင့်ဆိုပြီး ကိုယ့်ကိုကိုယ်လက်ညိုး ထိုပြခါ မေးလိုက်တော့လည်းခေါင်းတဆက်ဆက်ငြိမ့်ခါ ဟုတ်ကြောင်းပြနေသေးသည်။
YOU ARE READING
ခွန်းသာ(Complete)
Fantasyseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024
