ခွန်းသာအပိုင်း၁၅

360 12 1
                                    

ဒီနေ့ကသောကြာနေ့ဖြစ်တာကြောင့်ကျောင်းမဆင်းမှီကျောင်းသူ၊ကျောင်းသားများနှင့်ဆရာ၊ဆရာမများအားလုံးကျောင်းဝန်းအားသန့်ရှင်းရေးလုပ်နေကြတယ်

အတန်းကြီးကျောင်းသားများကပေါက်ပြားဖြင့်မြက်ပင်များအားပေါက်နေကြပြီ၊ကျောင်းသူများကတော့ပေါက်ပြီးထားမြက်များကိုသိမ်းကြရသည်၊အတန်းငယ်များက‌တော့အမိုက်ကောက်ရင်းဆော့ရင်းဖြင့်ကိုယ်စီအလုပ်ရှုပ်နေကြတယ်

ခွန်းသာတို့ကျောင်း၌ခုနှစ်တန်းကအကြီးဆုံးအတန်းဖြစ်တယ်၊ဆရာ၊ဆရာမစုစုပေါင်း8ယောက်သာရှိ‌သောကြောင့်တစ်တန်းတစ်ယောက်နှုန်းပါဘဲ၊ဆရာအင်အားလုံလောက်ရုံသာဖြစ်တယ်၊အငယ်ဆုံဆရာမမြတ်ရည်ကတော့အသက်20သာရှိသေးပြီဘွဲ့မရသေး၍အကူအနေနဲ့သာဖြစ်တယ်၊သူမကအားလုံးနဲ့အလိုက်အထိုက်ဖြစ်ရုံတင်မကဖော်ရွေသောကြောင့်အကြီးများအားလုံးကချစ်ခင်ကြတယ်၊အဲ့ထဲမှာခွန်သာလည်းအပါဝင်ပေါ့

"ဆရာခွန်းသာနဲ့စိုင်းခွန်ခမ်းကအရမ်းခင်ကြတာဘဲနော်၊အမြဲတတွဲတွဲနဲ့တွေ့နေရတယ်"ဆရာမမြတ်ရည်ကယုတ်တရက်ခွန်းသာတို့အကြောင်းပြောလာတာကြောင့်ကြောင်အသွားရတယ်

"သူကိုကကျွန်တော်ငယ်ငယ်ကထိန်းခဲ့ဖူးတယ်လေ၊အိမ်ချင်းကလည်းနီးနေတော့ခင်ကြတာပါ"ခွန်းသာလည်းအလိုက်အထိုက်လေးလိမ်ညာစကားဆိုလိုက်တယ်

"ခွန်ခမ်းကငယ်ငယ်ကအရမ်းဆိုးတာ၊အတန်းတွင်းရန်ပွဲဆိုမဖြစ်လိုက်နဲ့သူပါပြီးထားဘဲ၊တခါတလေဆိုအတန်းကြီးတွေနဲ့တောင်ဖြစ်သေးတာ"ဆရာမလေးမြတ်ရည်ကခွန်ခမ်းရဲ့အကြောင်းအားဆက်ပြောလာခဲ့တယ်

"ဟုတ်တယ်ဆရာမသူကအဆိုးလေး၊သူ့ရန်ပွဲတွေကျွန်တော်တောင်ရှင်းပေးဖူးသေးတယ်၊နောက်တော့ကျွန်တော်ကကျောင်းပြောင်းသွားရတော့သူ့အကြောင်းတွေမကြားရတော့ဘူး"ခွန်းသာလည်းပြော‌နေရင်းနဲ့ကိုသူ့ရဲ့ကောင်ဆိုးလေးအားလွမ်းမိနေတယ်

"အခုဆိုအဲ့တစ်ယောက်ကနှင်းယုနဲ့လက်ထပ်တော့မယ်လို့ကြားနေရတယ်၊ကျွန်မကတော့မလိုက်ဖက်ဘူးလို့ထင်တယ်"

"ဘာဖြစ်လို့လည်းဆရာမရဲ့"
ခွန်းသာထိုစကားကိုကြားပြီးအံ့ဩတကြီးပြန်မေးလိုက်တယ်

ခွန်းသာ(Complete)Where stories live. Discover now