ဒီနေ့ညကျရင်ခွန်ခမ်းနဲ့အတူလယ်တောထဲမှာလိုက်အိပ်ဖို့ရန်အတွက်အဖေနဲ့အမေကိုဘယ်လိုပြောရမလဲစဉ်းစားနေရတယ်၊အဖေနဲ့အမေကိုကြည့်လိုက်တော့အေးဆေးတာထမင်းစားနေကြတယ်၊ခွန်းသာတို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြတာအဖေတို့သိပေမယ့်၊သိသာသိစေမမြင်စေနဲ့ဆိုတဲ့အတိုင်အရာရာစဉ်ချင်နေရတယ်။
"သား..ထမင်းကိုမစားဘဲဘာလို့လုံးချေနေရတာလဲ၊ဟင်းမကြိုက်လို့လား"အမေကခွန်းသာရဲ့အခြေနေကိုရိပ်မိသွားလို့ထင်တယ်ထမင်းစားတာရပ်လို့မေးလာခဲ့တယ်
"ဟင်းမကြိုက်လို့မဟုတ်ပါဘူးအမေ၊သားခွင့်တောင်းစရာရှိလို့ပါ"ခွန်းသာလည်းကြောက်ကြောက်နဲ့ဘဲပြောလိုက်တယ်
"ပြောပါဦးဘာတွေများခွင့်တောင်းမလို့လဲ"
"သားညကျရင်ခွန်ခမ်းနဲ့အတူလယ်ထဲမှာညစောင့်အိပ်ကူချင်လို့ပါ"
"ခွန်ခမ်းကတစ်ယောက်ထဲလား၊အခါတိုင်းသူ့ညီတစ်ဝမ်းကွဲတွေလာအိပ်ကူတယ်မလား"အဖေကခွန်းသာကိုကြည့်လို့မေးလာခဲ့တယ်
"ဟုတ်တယ်အဖေအခုကသူ့ညီတွေကမရှိလို့တဲ့မှော်ထဲဝင်သွားတယ်ပြောတယ်"
"အေးပါအဲ့ဒါဆိုလည်းသွားအိပ်ကူလေ၊အနွေထည်တော့ထူထူဝတ်သွား၊စောင်ရောယူရင်ယူသွားပါလား"
"စောင်တော့မယူတော့ဘူးအဖေ၊အနွေးထည်ဘဲဝတ်သွားတော့မယ်".....
ညခြောက်နာရီလောက်ရောက်တော့ခွန်ခမ်းကအိမ်နောက်ဘက်မှာလာစောင့်နေပြီးမို့ခွန်းသာလည်းအနွေးထည်တစ်ထည်ထပ်ဝတ်လို့ထွက်လာလိုက်တယ်
ခွန်ခမ်းကလည်းခွန်းသာလိုဘဲအပေါ်အနွေးထဲတစ်ထပ်ဝတ်ထားပြီး၊အခါတိုင်းလိုပုဆိုးနဲ့မဟုတ်တော့ဘဲအနွေးထည်ဘောင်းဘီရှည်ကိုဝတ်ထားတယ်၊လက်ထဲမှာလဲခေါးဆီထုပ်ကိုကိုင်ထားတယ်
"အေးနေပြီးလားအကို၊ကျွန်တော်တဲထဲရောက်မှမီးမွေးပေးမယ်နော်၊ခုတော့ကျွန်တော့လက်ကိုဘဲကိုင်ထား"ခွန်းခမ်းကလွတ်နေတဲ့သူ့လက်တစ်ဖက်ကိုကမ်းပေးလို့ပြောလာခဲ့တယ်
"တခြားလူတွေမြင်ကုန်ရင်ဘယ်လိုလုပ်မလဲ"
"မမြင်ပါဘူးဗျာ၊ဒီချိန်နောက်ဖေးလမ်းကြားဘက်ဘယ်သူမှမလာဘူး"
YOU ARE READING
ခွန်းသာ(Complete)
Fantasyseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024
