ခွန်းသာအပိုင်း၂၀

696 18 0
                                        

ဒီနေ့လေးကတော့ရိုးရာအစဉ်လာအတိုင်းခွန်ခမ်းကခွန်းသာကိုလာတောင်းရမ်းမှာဘဲဖြစ်ပါတယ်

"သား..ပြင်ပြီးပြီလားမေကြီးဝင်လာမယ်နော်"ဒေါ်ဖြူသားအခန်းရှေ့ကနေမေးလိုက်တော့

"ဟုတ်ကဲ့အမေဝင်ခဲ့လေသားပြင်ပြီးပြီ"ခွန်းသာဖြေသံကြားတာနဲ့အမေကအခန်းတံခါးအားတွန်းဖွင့်ဝင်လာတယ်

"ငါ့သားလေးတောင်အရွယ်ရောက်လို့အိမ်ထောင်ကျတော့မှာပါလား"အမေကခွန်သားခေါင်းကိုဖွဖွပွတ်လို့အငိုမျက်လုံးအပြုံးမျက်နှာနဲ့ပြောနေတယ်

"အမေ..သားတောင်းပန်ပါတယ်နော်"

ခွန်းသာစကားကြောင့်အမေကအံ့ဩသွားပုံရတယ်

"ဘာလို့သားကအမေ့ကိုတောင်းပန်နေရတာလည်းကွယ်"

"သား‌ကအမေတို့ရဲ့မျိုးဆက်ပျက်စေခဲ့မိပြီ၊ပြီးတော့အမေတို့ကတခြားမိဘတွေလိုသားသမီးမြေမြစ်တွေနဲ့မနေရတော့ဘူး"
ခွန်းသာကအမေရဲ့ရင်ခွင်ထဲကိုခေါင်းတိုးဝင်လို့တိုးဖွဖွပြောတော့

"အဲ့ဒါအတွက်တော့မပူပါနဲ့သားရယ်၊အမေတို့သားပျော်ရွှင်ဖို့ကသာအဓိကဘဲ၊မြေးလေးတွေနဲ့မနေရလဲဘာဖြစ်လဲကွယ်ဟိုဘက်အိမ်ကနန်းမိုးခမ်းကအနည်းဆုံးသုံးယောက်လောက်မွေးလိမ့်မယ်၊‌မေမေတို့ကူထိန်းလို့ရသာဘဲကွယ်"အမေကခွန်ခမ်းအမမွေးမယ့်ကလေးတွေကိုစိတ်ကူးနဲ့ထိန်းနေပြီဖြစ်တယ်

"သားကိုနားလည်ပေးတဲ့‌အဖေနဲ့အမေကိုကျေးဇူးတင်ပါတယ်"

"ဟုတ်ပါပြီကွယ်..၊လာအပြင်ထွက်ပြီးအိမ်‌အောက်မှာခွန်ခမ်းတို့ကိုသွားစောင့်ကြရအောင်၊ခွန်ခမ်းတို့ရောက်လာကြတော့မယ်"

မကြာခင်မှာဘဲခွန်ခမ်းအမေဒေါ်နန်းမွန်းကရှေ့ဆုံးကနေကန်တော့ပွဲရွက်လို့ခွန်ခမ်းအ‌ဖေနဲ့အတူအိမ်ထဲကိုလှမ်းဝင်လာတယ်၊နောက်မှာတော့ခွန်ခမ်းကခွန်းသာနဲ့ဆင်တူယောပုဆိုးနက်ပြာ၊စတစ်အင်္ကျီလက်ရှည်အဖြူကိုသပ်ရပ်စွာဝတ်ဆင်လို့လိုက်ပါလာတယ်၊ရပ်ကွက်လူကြီးတွေနဲ့ခွန်ခမ်းဘက်အမျိုးများပါပါလာကြတယ်

"ကြွပါရှင့် ကြွပါ၊ထိုင်ကြပါ"
အမေကဦးဆောင်လို့နေရာထိုင်ခင်းများပြုလုပ်ပေးတယ်၊ဒေါ်နန်းမွန်းကလည်းကန်းတော့ပွဲအားအလယ်၌ချလို့ခွန်ခမ်းအဖေနဲ့အတူတွဲထိုင်လိုက်တယ်

ခွန်းသာ(Complete)Where stories live. Discover now