ခွန်းသာဘုန်းကြီးကျောင်းလုပ်အားပေးသွားဖို့အတွက်ပုဆိုးဟောင်းတစ်ထည်နဲ့စွတ်ကျယ်အင်ကျီအညိုရောင်အမြန်ဝတ်လိုက်ပြီးခွန်ခမ်းစောင့်နေတဲ့အိမ်အောက်ကိုဆင်းလာခဲ့တယ်၊ခွန်ခမ်းလဲခွန်သာလိုဘဲပုဆိုးဟောင်းနဲ့အင်ကျီစွတ်ကျယ်အမဲရောင်ဝတ်ထားတယ်
"ခများပြီးရင်သွားကြရအောင်လေ၊တခြားသူတွေကသွားနှင့်ပြီဘုန်းကြီးကျောင်းရောက်မှစုံမယ်တဲ့""ခဏလေး၊ရော့ဒီမှာခမောက်စောင်းဦး"ခွန်းသာလည်းခွန်ခမ်းကိုခမောက်စောင်းခိုင်လိုက်ပြီးသူကိုယ်တိုင်လည်းနောက်ထပ်တစ်လုံးယူစောင်းလိုက်တယ်၊ညနေသုံးနာရီဘဲရှိသေးတယ်ဆိုတော့နေကပူနေသေးတယ်
ခွန်သာတို့လည်းဘုန်းကြီးကျောင်းရောက်တာနဲ့တခြားသူတွေလိုဘဲပေါက်ပြားကိုင်ပြီးမြက်စပေါက်ကြတယ်၊ခွန်းသာတို့ယောက်ျားလေးတွေကမြက်ပေါက်တဲ့သူကပေါက်၊ထင်းခွဲတဲ့သူကခွဲ၊မိန်းကလေးတွေကတော့ဘုးရားအိုးလဲတံမြက်စည်းလဲလုပ်နေကြတယ်
လူအင်အားကများတော့သိပ်ကြာကြာလုပ်စရာမလိုဘဲပြီးသွားတယ်၊ခဏနားနေကြေတာ့အဒေါကြီးတွေကအမောပြေသောက်ရအောင်မကျည်းဖျော်ရည်ဖျော်ပြီးယူလာကြတယ်
"ကလေးတွေလာကြလာကြ၊ဒီမှာအမောပြေလေးမကျည်းရေလာသောက်ကြ"
"ခများအတွက်ပါကျွန်တော်တခါတည်းယူခဲ့လိုက်မယ်မထလာနဲ့တော့နားနေလိုက်ဦး"
ကျွန်တော်ထသွားဖို့လုပ်နေတုန်းခွန်ခမ်းကပြောပြီထွက်သွားလို့ခွန်းသာလည်းနေရာမှာဘဲစောင့်နေလိုက်တော့တယ်
"ရော့ခများတွက်တစ်ခွက်၊ခဏနေဘုရားကွင်းဘက်ပါတခါတည်းမြက်ရှင်းကြမယ်တဲ့"
ခွန်းခမ်းကပြောရင်းကျွန်တော့ဘေးမှာဝင်ထိုင်လိုက်တယ်၊ခွန်သာလည်းနားေနရင်းငယ်ငယ်ကလုပ်အားပေးလာတုန်းကအချိန်တွေကိုပြန်အမှတ်ရမိတယ်
အဲ့တုန်းကခွန်ခမ်းက၅တန်းခွန်သာက၂တန်းတာရှိသေးတယ်
အခုလိုဘဲလုပ်အားပေးလာကြတာပေါ့၊ခုလိုဝါဆိုသက်န်းကပ်အတွက်တော့မဟုတ်ဘူးဘုရားပွဲရှိလို့တစ်ရွာလုံးသူ့အဖွဲ့ကိုယ့်အဖွဲ့တလှည့်ဆီလာပြီးသန့်ရှင်းရေးလုပ်၊ပွဲမှာကျွေးဖို့အတွက်အချက်ပြုတ်ဘက်မှာကူတဲ့အဖွဲ့ကူ၊ရေခပ်ထင်းခွဲတလှည့်ဆီလုပ်ကြတယ်၊ကျောင်းသားကျောင်းသူတွေလည်းကုသိုလ်ပါဝင်ရအောင်ဆရာ၊ဆရာမတွေဦးဆောင်ပြီးကျောင်းကနေဘဲဘုန်းကြီးကျောင်းဆီလာခဲ့ကြတယ်
![](https://img.wattpad.com/cover/364307258-288-k257654.jpg)
YOU ARE READING
ခွန်းသာ(Complete)
Fantasyseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024