ခွန်းသာအပိုင်း၇

692 25 1
                                        

ခွန်းသာမနက်ဝေလီဝေလင်းကြက်ဖတွန်သံကြားချိန်မှာကတည်းကအိမ်ရာကထပြီးမျက်နှာသစ်သွားတိုက်လို့ခွန်သာနဲ့သူစားဖို့အတွက်မနေ့ညကကျန်တဲ့ထမင်းကြမ်းကိုကြာညို့လေးနဲ့ကြော်လိုက်တယ်၊ထမင်းကြော်ပြီးတာနဲ့အမေတို့အတွက်ပါတစ်ခါတည်းထမင်းအိုးတည်းလိုက်တယ်၊ခဏနေတော့အကြော်သည်လာတာနဲ့ဘူးသီးကြော်နဲ့တိုဖူးကြော်လေးပါဝယ်ပြီးထမင်းချိုင့်ထည့်လိုက်တော့တယ်

ခွန်းသာထမင်းချက်ပြီးတာနဲ့အချိန်ကိုက်မှာဘဲအိမ်နောက်ဘက်ကနေခွန်ခမ်းရဲ့ခေါသံကိုကြားလိုက်ရတယ်၊ထိုအချိန်အမေလည်းအိပ်ယာထလာပြီမို့

"အမေသားခွန်ခမ်းနဲ့လယ်ထဲလိုက်သွားဦးမယ်၊သားထမင်းချက်ပေးခဲ့ပြီ၊ခွန်ခမ်းလာခေါနေလို့သွားပြီနော်"

ခွန်းသာလည်းအမေကိုပြောရင်းစားပွဲပေါကထမင်းချိုင့်လေးနဲ့အကြော်ထုပ်ကိုယူလိုက်တယ်၊မီးဖိုချောင်းကထွက်ခါနီးမှာဘဲအမေကခွန်းသာနားရောက်လာပြီးမနေ့ကကျန်တဲ့ငါးခြောက်ဖုတ်ကိုချိုင့်ထဲထည့်ပေးရင်း

"သားရွေးချယ်လိုက်တဲ့သူကခွန်ခမ်းလေးများလားသား"
အမေကကျွန်တော်ကိုသေချာကြည့်ပြီးပြုံးလို့စနေတယ်

"ဟို ..ဟိုလေ.."

"ဒီလိုတဟိုဟိုဖြစ်နေရင်တော့ခွန်ခမ်းလေးဆိုတာသေချာနေပါပြီကွယ်၊သားမိချင်းဘဲမရှက်ပါနဲ့သားရယ်"

ခွန်းသာလည်းအမေပြောလေပိုရှက်လာလေဖြစ်နေတာမို့အမေကိုခေါင်းလေးငြိမ့်ပြပြီးထမင်းချိုင့်ယူလို့ခွန်ခမ်းစောင့်နေတဲ့အိမ်နောက်ဘက်ကိုထွက်လာခဲ့လိုက်တော့တယ်

ခွန်းသာလည်းအိမ်နောက်တံခါးကိုဖွင့်လို့ အပြင်ထွက်လိုက်တယ်၊ခွန်ခမ်းကလယ်ထဲရောက်ခဲ့ပြီးပြီးထင်တယ်ခြေထောက်မှာရွှံတွေပေလို့၊ပုဆိုးတိုတိုစွပ်ကျယ်အင်္ကျီနဲ့တောင်
ကြည့်ကောင်းနေပါတယ်၊အသားညိုညိုအရပ်မောင်းကောင်းကောင်းနဲ့ခွန်ခမ်းကကောင်မလေးတွေကြွေချင်စရာရုပ်ပါဘဲ။

"သွားရအောင်လေ၊ဒီနေ့ကတောစပ်နားကအကွက်တွေစိုက်ရမှာဆိုတော့နည်းနည်းတော့ဝေးတယ်"

ခွန်းသာ(Complete)Where stories live. Discover now