ခွန်ခမ်းကိုမတွေ့ရတာဒီနေ့ဆိုတစ်လပြည့်ပြီ၊မတွေ့ရရုံတင်မဟုတ်ဘဲသတင်းများပါမကြားရတော့တာဖြစ်တယ်၊ခွန်ခမ်းရဲ့မင်္ဂလာကိစ္စကတော့ခွန်ခမ်းဘက်ကအတင်းငြင်းနေတာကြောင့်ရှေ့ဆက်မရဖြစ်နေတယ်လို့ရွာထဲမှာသတင်းပျံ့နှံ့နေတယ်၊ခွန်ခမ်းရဲ့မိဘတွေနဲ့လမ်းမှာတွေ့ခဲ့ရင်တောင်ခွန်းသာကိုမမြင်သလိုသာနေကြသာကြောင့်ခွန်းသာလည်းမခေါ်ရဲမနှုတ်ဆက်ရဲပါဘဲ
"အမေ့သားလေးပင်ပန်းနေပြီလားဟင်"
ခွန်းသာအတွေးများနေတုန်းအနောက်ကနေအမေရဲ့အသံကြားသာကြောင်အတွေးတို့ပျက်သွားတယ်"မပင်ပန်းပါဘူးအမေ၊ဒီလမ်းကိုမရွေးခင်တည်းကသစိတ်ဓာတ်ခိုင်မာမှရမယ်ဆိုသာကြိုသိခဲ့ပါတယ်၊သားလေဒီထက်မကခက်ခဲရမယ်ဆိုရင်တောင်ခွန်ခမ်းကိုလက်မလွှတ်နိုင်ဘူးအမေ"
"အမေသားလေးတောင်အချစ်စစ်နဲ့တွေ့ဆုံခဲ့ပြီးဘဲ"အမေကခေါင်းတငြိမ့်ငြိမ့်နဲ့ပြုံးလို့ပြောနေတယ်
"အမေ့လိုမိခင်မျိုးကိုပိုင်ဆိုင်ထားရလို့သားအရမ်းပျော်ရွှင်မိပါတယ်အမေ"ခွန်းသာအမေ့ရင်ခွင်ထဲခေါင်းနစ်ဝင်လို့ပြောလိုက်တယ်
"အမေကလည်းဒီလိုသားမျိုးကိုပိုင်ဆိုင်ထားလို့ဂုဏ်ယူရပါတယ်ရှင်၊သားရဲ့လိင်စိတ်သိမ်းညွှတ်မှုကဘာကြီးဘဲဖြစ်နေ
ပါစေသားဟာအမေသားပါဘဲ၊သားကအမေရဲ့ထာဝရအတွက်သားကောင်းတစ်ယောက်ပါ"အမေကလည်းခွန်းသားရဲ့ခေါင်းကိုဖွဖွပွတ်လို့ပြောနေခဲ့တယ်"ဒီသားမိနှစ်ယောက်ကငါ့ကိုချန်ပြီးဘာတွေပြောနေကြတာလဲ"အဖေကပါခွန်းသာတို့ထိုင်နေတဲ့ကွပ်ပြစ်ပေါ်လာထိုင်ရင်းပြောလာခဲ့တယ်
"ထွေထွေထူးထူးမဟုတ်ပါဘူးဖေကြီရယ်၊သားဘက်မှာအမေတို့ရှိကြောင်းပြောနေတာပါ"အမေကလည်းခွန်းသာကိုရင်ခွင်ထဲမှာဖတ်ထားရက်သားပြန်ဖြေနေတယ်
"အဖေတို့ကသားဘက်မှာအမြဲရှိနေပါတယ်၊ဒါပေမယ့်သားကိုထိခိုက်လာရင်တော့အဖေကငြိမ်နေမဟုတ်ဘူးဆိုတာတော့သားသိနေပေးပါ"အဖေကခွန်းသာကိုအထိခိုက်မခံနိုင်ကြောင်းပြောလာခဲ့တယ်၊ဒီမိဘနှစ်ပါးကိုပိုင်ဆိုင်ရလို့ခွန်းသာကျေနပ်မိပါတယ်
************
![](https://img.wattpad.com/cover/364307258-288-k257654.jpg)
YOU ARE READING
ခွန်းသာ(Complete)
Fantasíaseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024