ခွန်းသာ(ဇာတ်သိမ်းပိုင်း)

921 21 4
                                    

ခွန်ခမ်းသူ့သူငယ်ချင်းတွေနဲ့ပါသွားပြီးနောက်ခွန်းသာတစ်‌
ယောက်ထဲအိမ်မှာကျန်နေခဲ့တော့တယ်၊လူကလည်းပင်ပန်းနေပြီးမို့မစောင့်ဘဲအိပ်နှင့်လိုက်တော့တယ်

"အကိုခွန်းသာ..ကိုခွန်းသာ"

အိပ်ပျော်ခါနီးလေးမှာဘဲအိမ်မက်လိုလိုတကယ်လိုလိုနဲ့အိမ်ရှေ့ကခေါ်သံကြားသာကြောင့်ထွက်ကြည့်လိုက်တော့ရေးကြီးသုတ်ပြာဖြစ်နေတဲ့ကောင်းလေးတစ်ယောက်

"ဘာကိစ္စရှိလို့လဲမသိဘူး"

"ခွန်ခမ်းတို့အဖွဲ့ကိုကျော်ကြီးအရက်ဆိုင်မယ်ရန်ဖြစ်နေလို့၊အဲ့ဒါကိုခွန်းသာကိုအမြန်လာပြောတာ"

ကောင်းလေးရဲ့စကားကိုကြားကြားခြင်းခွန်းသာမှာဖိနပ်တောင်မစီးနိုင်ဘဲ‌ကိုကျော်ကြီးအရပ်ဆိုင်စီအပြေးသွားတော့တယ်၊ရင်ထဲမှာလည်းဗလောင်ဆူလို့၊ဒီကောင်လေးတစ်ခုခုဖြစ်မှာသူအလွန်းစိုးရိမ်ပါသည်

ည၈နာရီကျော်ရင်အိမ်တော်တော်များများကအနားယူကြပြီးမို့လမ်းတစ်လျှောက်တိတ်စိတ်မှောင်မဲနေတယ်၊ကြောက်ဖို့မပြောနဲ့ပြေးလာရတာတောင်မောလို့မောမှန်းမသိပါ

ရောက်ရောက်ခြင်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လူမှာထိတပြာသွားရပြီးတွေ့ရာခဲလုံးကိုကောက်လို့ခွန်ခမ်းအားချုပ်ထားတဲ့တစ်ယောက်ကိုနောက်ကနေထုချလိုက်တယ်၊ထိုတစ်ယောက်ခေါင်းပေါက်သွားလို့ကြောင်အနေချိန်မှာဘဲခွန်ခမ်းကိုထိုးရန်ပြင်နေတဲ့တစ်ယောက်ကိုပါခဲနဲ့ထုချလိုက်တယ်

တစ်ဖက်ကောင်လေးများကယုတ်တရက်ကြီးဖြစ်သွားတဲ့အခြေနေကြောင့်ထင်တယ်ကြောင်အနေကြတော့တယ်၊ခွန်းသာကလက်ထဲမှာရှိနေသေးတဲ့ခဲလုံးနဲ့နောက်တစ်ခေါက်ထပ်ထုရန်ပြင်နေချိန်မှာဘဲ

"အကိုရပြီရပြီ..စိတ်လျှော့တော့နော်"
ခွန်ခမ်းကလက်ထဲကခဲလုံးကိုယူပြီးခပ်ဝေးဝေးကိုပြစ်လွှတ်လိုက်တယ်

"ဘာဖြစ်သွားသေးလည်းဟင်..ငါ့မှာမင်းရန်ဖြစ်တယ်ကြားတော့အရမ်းစိတ်ပူသွားရတာ"

ခန္ဓာကိုယ်အနှံ့ကိုစိုးရိမ်စိတ်အပြည့်နဲ့လှည့်ပတ်ကြည့်ရှုနေတဲ့အကိုကြောင့်ခွန်ခမ်းမှာအလွန်စိတ်ထိခိုက်ရတယ်၊ဒီကောင်မလိမ္မာမှာလို့အကို့မှာတစ်ခါမှမလုပ်ခဲ့ဘူးတဲ့ရန်ဖြစ်တာကိုလုပ်ခဲ့ရပြီမလား၊ဒါတွေကသူ့ကြောင့်ပါသူစိတ်မထိန်းနိုင်ဘဲတစ်ဖက်လူရဲ့စကားတွေကိုသည်းမခံနိုင်ဘဲစခဲ့တဲ့ရန်ပွဲကြောင့်အကိုခုလိုဖြစ်နေရတာ

ခွန်းသာ(Complete)Where stories live. Discover now