ခွန်းသာမနက်စောစောအိပ်ယာထလို့ထမင်းတစ်အိုးအမြန်ချက်လိုက်တယ်၊ထို့နောက်လယ်ကန်စွန်းရွက်ကိုတုံးမှိုလေးနဲ့ရောကြော်ပြီး၊ချဉ်ပေါင်ရွက်စပ်ချဉ်ရည်လေးတစ်ခွက်၊ဆိတ်သားခြောက်ကိုမီးကင်လို့ဆီးစိမ်လိုက်တယ်၊ပဲကြော်လေးကိုပါကြက်သွန်နီလေးပါးပါးလှီးလို့သုပ်လိုက်တယ်၊နောက်ဆုံးမှာတော့ရေနွေးအိုးသယ်ပြီးဓာတ်ဗူးထဲထည့်လို့အဖန်ခြောက်ပါခပ်လိုက်တယ်၊အခုဆိုရင်ခွန်ခမ်းအတွက်လယ်ထဲထမင်းပို့သွားရန်အဆင်သင့်ဖြစ်ပြီ။
ပုဆိုးကိုတိုတိုဝတ်ပြီးလက်တစ်ဖက်ကထမင်းချိုင့်ကိုကိုင်ပြီးလက်တစ်ဖက်ကတော့ရေနွေးဓာတ်ဗူးနဲ့ဖန်ခွက်အားကိုင်လို့ခွန်းသာလယ်ထဲကိုရောက်လာခဲ့ပြီ၊ခွန်ခမ်းကိုမျက်လုံးဝေ့ရှာလိုက်တော့၊တလင်းပြင်မှာနွားနှစ်ကောင်အားမောင်းလို့စပါး
ခြွေနေတယ်၊တလင်းကွက်ဘေးနားကစပါးရိတ်ပြီးထားအကွက်၌ပါလာတာတွေချပြီးခွန်ခမ်းရှိရာတလင်းကွက်ကိုလာလိုက်တယ်
"ခွန်ခမ်းမနားသေးဘူးလား၊ငါမင်းအတွက်မနက်စာပြင်လာတယ်၊စားတော့မလား"ခွန်းသာတလင်းကွက်ပတ်ပတ်လည်တွင်ပုံထားတဲ့ခြွေပြီးထားကောက်ရိုးပုံပေါ်ကနေရပ်လို့မေးလိုက်တယ်၊နွားများအနားထိတော့မကပ်ရဲပါ၊တခါတလေနွားနှစ်ကောင်ကအချင်းချင်းခွေ့တက်တာကြောင့်ပါ
"ခဏစောင့်ပေးလို့ရတယ်မလား၊ဒါတွေနည်းနည်းပါးအောင်လုပ်လိုက်ဦးမယ်၊ခများရောစားခဲ့ပြီလား"
"မစားခဲ့ရသေးဘူး၊အတူစားရအောင်လို့ပိုထည့်လာတယ်"
"ခဏဘဲစောင့်နော်ပြီးတော့မယ်၊နေပူရင်နွားတွေပမ်းလို့နားခိုင်းရမှာမို့အခုနားလို့မရသေးဘူး"
ခွန်းသာလည်းကောက်ရိုးပုံပေါ်မှာထိုင်ချလိုက်ပြီးအသားညိုညို၊ဆံပင်ကိုတိုတိုတိတိညက်ထားပြီးအရပ်မောင်းကောင်းကောင်းနဲ့ချစ်ရပါသောကောင်းလေးကိုထိုင်ကြည့်နေလိုက်တယ်
ဟိုအရင်တချိန်ကခွန်းသာတို့တွေအတူကောက်ရိုးပုံပေါ်၌ဆော့ကစားခဲ့ကြတယ်၊အခုအချိန်မှာတော့အခြေနေတွေပြောင်းလို့ခွန်းသာငယ်ငယ်ကထိန်းခဲ့ရတဲ့ကောင်လေးကလယ်ယာတွေကိုဦးဆောင်လုပ်ကိုင်နေပြီ၊မပြောင်းလည်းတာတစ်ခုတော့ရှိပါတယ်ထိုကောင်လေးရဲ့အသားရည်ကတော့ညိုမြဲညိုစဲပါဘဲ၊
YOU ARE READING
ခွန်းသာ(Complete)
Fantasyseme-စိုင်းခွန်ခမ်း အသက်-20 အရပ်-6' လူမျိုး-ရှမ်း uke-စိုင်းခွန်းသာ အသက်-23 အရပ်-5'8" လူမျိုး-ဗမာ 20.3.2024
