ခွန်းသာအပိုင်၃

711 22 1
                                    

ခွန်ခမ်းအပင်တွေရေလောင်းနေတဲ့အချိန်တဖက်ခြံကခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့အိမ်နှစ်အိမ်ရဲ့ခြံစည်းရိုးအဖြစ်ကာထားတဲ့ဝါးလုံးတန်းအပေါမေးထောက်ပြီးခြံထဲကိုလှမ်းကြည့်နေတဲ့ခွန်းသာ

"ဘာပြောစရာရှိလို့လဲခင်များ"

"မင်းငါ့ကိုမနေ့ကသစ်ခွပင်ပေးမယ်ဆိုပြီးမပေးသေးလို့လာတောင်းတာ"

"ပေးမှာပါခင်များရယ်မနေ့ကမိုးလည်းချုပ်သွားတာနဲ့မပေးဖြစ်လိုက်တာ၊မောင်းခမ်းဝါကြိုက်သလား"

"အွန်းကြိုက်တယ်ဘယ်နှစ်ပင်ပေးမှာလဲ"

"ခများကဘယ်နှစ်ပင်လိုချင်တာလဲ"

"သုံးပင်ဆိုရပါပြီ"

"ခဏစောင့်ကျွန်တော်ယူလိုက်ဦးမယ်"

ခွန်ခမ်းတို့ကသစ်ခွပင်တွေကိုကွန်းပင်မှာကပ်စိုက်ထားတာဆိုတော့အမြစ်တွေပါ‌ပါအောင်သေချာခွာယူပြီးအုန်းခွံထံမှာထည့်စိုက်ပြီးပေးလိုက်တယ်

"ရော့ဒီမှာဒီတိုင်းလေးအပင်မှာချိတ်ထားလိုက်"

"ကျေးဇူးဘဲ"

"ဒီနေ့ရောနွားသိမ်းလိုက်ဦးမလား"

"လိုက်မယ်လေ၊ငါမနေ့ကလမ်းကဦးဘချစ်တို့အိမ်နောက်မှာသီးနေ့တဲ့ေရှာက်ပန်းသီးအကြီးကြီးတွေတွေ့တယ်ဝယ်စားကြမလား၊အိမ်ကနေတို့စရာဆားငရုပ်သီးထည့်ခဲ့မယ်လေ၊ဘယ်လိုလဲစားမှာလား"

ခွန်းသာတို့ငယ်ငယ်ကလည်းသူငယ်ချင်းတွေစုအိမ်ကနေ
ရေ၊ဆားငရုပ်အစုံထဲပြီးဇီးသီးပေါချိန်ဆိုဇီးသီး၊‌ေြခာက်ပန်းသီးပေါချိန်ဆိုေရှာက်ပန်းသီးယူပြီး‌လယ်စပ်၊တောစပ်၊ဘုရားကွင်း‌တို့မှာစားနေကြလေခုလည်းအဲ့လိုဘဲယူပြီးသွားရအောင်ခွန်ခမ်းကိုပြောနေတာ

"ဝယ်မနေနဲ့ကျွန်တော်တို့ခိုးကြမယ်လေ၊ခများအပြေးတန်တယ်မလား"

‌"ကောင်းပါ့မလား၊သူများအိမ်ကအသီးခွင့်မတောင်းဘဲယူလို့"

"ကျွန်တော်တို့ငယ်ငယ်ကယူနေကြဘဲ၊အဲ့ဦးဘချစ်ကရောင်းတာလည်းမဟုတ်ဘူးကပ်စီးကကုပ်သေးတာ၊သူတို့လည်းစားမကုန်ပါဘူးအသီးတွေကဒီတိုင်းပုပ်ကုန်တာဘာမှမဖြစ်ဘူး"

ခွန်းသာ(Complete)Where stories live. Discover now