ခွန်းသာအပိုင်း၁၉

383 16 4
                                    

ဘာလိုလိုနဲ့အချိန်တွေကုန်လာလိုက်တာခုဆိုရင်ကျောင်းတွေတောင်နွေသုံးလပိတ်ပြီ၊ခွန်ခမ်းရဲ့မိဘတွေနဲ့လည်းနားလည်းမှုရယူပြီးပြီမို့ခွန်းသာတို့နှစ်ယောက်သားလွတ်လွတ်လပ်လပ်ကိုတွဲနေကြပြီဖြစ်သည်၊တဖြည်းဖြည်းနဲ့နှစ်အိမ့်တစ်အိမ်တောင်ဖြစ်နေကြပြီ၊ခွန်းသာလည်းတစ်ခါတစ်လေခွန်ခမ်းတို့အခင်းအားလိုက်သွားလေ့ရှိတယ်၊ခွန်ခမ်းတို့အခင်းမှာဆိုခွန်းသာအကြိုက်ဆုံးကတော့နေကြာပန်းခင်းကြီးနဲ့ကန်စွန်းဥပင်များဘဲဖြစ်တယ်

အခုလည်းခွန်ခမ်းနဲ့အတူအခင်းလိုက်သွားရန်အတွက်မနက်စောစောထလို့အရင်ဆုံးမျက်နှာသစ်သွားတိုက်ပြီးထမင်းအိုးသယ်လိုက်တယ်၊မနက်စာကိုတော့အိမ်မှာဘဲစားသွားမှာမို့အဖေနဲ့အမေတွက်ပါကြက်ဥတစ်ယောက်တစ်လုံးကြော်လို့
ထမင်းကိုပဲပြုတ်ဆီစမ်းလေးနယ်လိုက်တယ်၊မုန်ညင်းရွက်ကိုဟင်းရေသောက်ချက်လို့ငရုပ်သီးလေးပါထောင်းလိုက်တယ်၊မနက်စာတော့အစဉ်သင့်ဖြစ်ပြီ၊အဖေနဲ့အမေကိုပါခေါ်လို့မနက်စာကိုသုံးယောက်သားလက်စုံစားလိုက်ကြတော့တယ်

ထမင်းစားပြီးနောက်နေ့လည်နေ့ခင်းသုပ်စားရအောင်လက်ဖက်ကိုဆီလေးနဲ့နပ်လိုက်တယ်၊အကြော်ဆံကိုတော့စားခါနီးမှထည့်တော့မယ်၊ခရမ်းချဉ်သီးနဲ့ငရုပ်သီးတို့ကအခင်းမှာရှိတာမို့ယူစရာမလိုတော့ပေ၊ထို့နောက်လိုအပ်တဲ့ပစ္စည်းအကုန်ယူလို့ခွန်ခမ်းတို့အိမ်ဘက်ထွက်ခဲ့လိုက်တယ်

"လာ..အကို့ကိုစောင့်နေတာအမေတို့ကသွားနှင့်ပြီလှေပေါ်မှာစောင့်နေမယ်တဲ့"ခွန်ခမ်းကကျွန်တော့ကိုမြင်တာနဲ့လက်ထဲကအထုပ်တွေကိုလက်လွှဲယူပြီးပြောလာတယ်

ရှပ်အင်္ကျီအဟောင်းနဲ့ကချင်ပုဆိုးအနွမ်းကိုသာဝတ်ထားတဲ့ခွန်ခမ်းကချောမောမှုကတော့မပျောက်သွားပါပေ၊ပလိုင်းတစ်လုံးအားစလွယ်သိုင်းထားပြီးလက်ထဲမှာလဲဓားတစ်ချောင်းအားကိုင်ဆောင်ထားတယ်၊ခွန်းသာပါလာတဲ့အထုပ်တွေကိုပလိုင်းထဲကိုထဲပြီးလွတ်တဲ့လက်တစ်ဖက်နဲ့ခွန်းသာရဲ့လက်ကိုစုပ်ကိုင်လာတယ်၊အချိန်မရွေးနွေးထွေးမှုဖြစ်စေတဲ့လက်တစ်စုံပါဘဲ

ခွန်းသာ(Complete)Where stories live. Discover now