Unicode
မေလေးသတိပြန်ရရလာခြင်းသူမ မြင်လိုက်ရတာကသူအမေ။
''မေမေ''
''သမီးနိုးပြီလား''
''သမီးဘယ်လိုလုပ်ပြီးအိမ်ပြန်ရောက်နေတာလဲ''
''ခမ်းနားကသမီးကိုပွေ့ချီပြီးခေါ်လာတာ သူသမီးကိုဘယ်ခေါ်သွားတာလဲ သမီးကရောဘာလို့သတိလစ်လာတာလဲ သမီးလက်ကလက်သည်းရာကရော ဘာဖြစ်လာတာလဲ''
ထိုစဥ်သူမအဖေအခန်းထဲဝင်လာပြီး
''ကဲပါငါ့မိန်းမရယ် သမီးကခုမှသတိပြန်ရခါစပဲရှိသေးတာကိုမေးခွန်းတွေအများကြီးမမေးပါနဲ့ သမီး သက်သာရဲ့လား''
မေလေးခေါင်းအသာညိတ်ပြလိုက်၏။
''မမေးလို့ရမလားအစ်ကို ဒီကောင်လေးသမီးကိုဘယ်လောက်နိုင်လဲဆိုတာအစ်ကိုအသိဆုံးပဲလေ သူနဲ့သမီးကိစ္စတောင်မှအစ်ကိုကဇွတ်သဘောတူနေလို့ ဝတီ့အလိုသာဆိုသမီးနဲ့နည်းနည်းလေးမှသဘောမတူချင်ဘူး သမီးနဲ့လက်ထပ်ပြီးရင်လည်းသမီးကိုနိုင်စားမယ့်သူ''
''သမီးကိုနိုင်စားတာမှန်ပါတယ် ဒါပေမယ့်သမီးကိုကိုယ်တို့နီးနီးစိတ်ပူတာလည်းထည့်ပြောဦးလေ တစ်ခါတစ်လေဆိုကိုယ်တို့ထက်တောင်ပိုသေးတယ်''
ဟုတ်တော့လည်းဟုတ်ပါသည်။ငယ်ငယ်ကဆိုသူရှေ့မှာသမီးကိုဆူမိရင်သူကမျက်မှောင်ကြီးကျုံ့ကာ
''အန်တီဘာလို့မေလေးကိုဆူနေတာလဲ နောက်တစ်ခါမေလေးကိုမဆူပါနဲ့ ကျွန်တော်မကြိုက်ဘူး''
ဆိုပြီးလက်တောက်လောက်လေးရန်လုပ်တာကိုခဏတိုင်းခံခဲ့ရတာ။
သူမမှာသမီးကိုဆုံးမချင်ရင်တောင်သူ့မျက်နှာရိပ်မျက်နှာကဲကြည့်ခဲ့ရတာမျိုး။သမီးနားကောင်လေးတွေများလာကပ်ရင်သူကတုတ်ဆွဲခဲဆွဲနဲ့။
တစ်ခါကသမီးရဲ့ဆယ်နှစ်ပြည့်မွေးနေ့မှာ ပွဲကိုလာတဲ့သူမတို့မိတ်ဆွေထဲကတစ်ဦးကသမီးအားချွေးမလေးလို့ခေါ်၍ခမ်းနားက
''ဦးလေးကြီးကဘာကိစ္စမေလေးကိုချွေးမလေးလို့ခေါ်နေတာလဲ ဘယ်သူကဦးလေးကြီးရဲ့ချွေးမဖြစ်ချင်တယ်ပြောလို့လဲ ကိုယ့်သားရုပ်လည်းပြန်ကြည့်ဦး မေလေးနဲ့တန်လို့လား''