Part.16

9.2K 163 0
                                    

Unicode

ဧကရီတစ်ယောက်ခမ်းနားနားမှာထိုင်ကာမျက်ရည်တွေပြည့်လျှံနေတဲ့မျက်ဝန်းနေတဲ့သူ့အားစိုက်ကြည့်နေမိသည်။

''မေလေး နင်ငါ့ဖုန်းကိုဘာလို့မကိုင်တာလဲ မျက်နှာလေးမမြင်ရရင်တောင် အသံ​လေးဖြစ်ဖြစ်ကြားချင်တယ်''

သတိလက်လွတ်မူးနေတဲ့အချိန်မှာတောင်သူ့နှုတ်ကတမ်းတနေတာမေလေးပါပဲ။

''ကိုကိုသူ့ကိုအဲလောက်ထိချစ်တာလား''

ခမ်းနားမျက်လုံးကိုအားယူကာဖွင့်လိုက်စဥ်ကြမ်းပြင်ပေါ်မှာဒူးပိုက်ကာထိုင်ပြီးသူ့အားမျက်ရည်တွေနဲ့ကြည့်နေတဲ့ဧကရီ့ကိုအမြင်မှာသူအိပ်နေရာမှထထိုင်လိုက်၏။

''မင်းငါ့အိမ်ဘာလာလုပ်တာလဲ ထွက်သွား အခုထွက်သွား''

''မသွားနိုင်ဘူး ဧကရီသိချင်တာတွေအများကြီးရှိသေးတယ် အဲဒါတွေမသိရမချင်းဘယ်မှမသွားနိုင်ဘူး''

''......''

''ခုနေများ ရှင်နဲ့အဏ္ဏဝါမေတုန်းကမဖြစ်မနေလက်ထပ်ခဲ့ရသလိုမျိုး ဧကရီနဲ့လက်ထပ်ရမယ်ဆိုရင် ချစ်ခဲ့ဖူးတဲ့စံယောဇဥ်မျက်နှာလေးတွေနဲ့ရှင်ဧကရီနဲ့ပြန်ပြီးချစ်လာနိုင်မှာလားဟင်''

ခမ်းနားကဟက်ခနဲပြုံးပြီးဒယီးဒယိုင်နဲ့ထရပ်ကာ

''​ေ.သရင်တောင်မဖြစ်နိုင်ဘူး အခုငါ့ဆီမှာမင်းကိုမုန်းတဲ့အမုန်းတွေပဲရှိတော့တယ် ရှင်းလား မင်းပြောတဲ့ကိစ္စက​ေ.သရင်တောင်မဖြစ်နိုင်ဘူး''

ဧကရီလည်းမတ်တပ်ထရပ်လိုက်ပြီး

''ဒါဆို ဧကရီကရှင့်အမုန်းတွေကိုတစ်သက်လုံးခံယူသွားရမယ်ပေါ့''

''သေချာတယ် အခုမင်းမျက်နှာကိုငါမမြင်ချင်ဘူး မင်းထွက်သွားကွာ''

ထိုအခိုက်မငွေရီကစျေးခြင်းတောင်းကြီးဆွဲကာအိမ်ထဲဝင်လာပြီးဧကရီ့ကိုမြင်တာနဲ့

''ဟဲ့ နင်ကဘာကိစ္စငါတို့အိမ်ထဲရောက်နေတာလဲ ခုထွက်သွားစမ်း နင်ဘာကလိမ်ကကျစ်နည်းတွေသုံးဦးမလို့လဲပြော''

''ကျွန်မဘာမှမလုပ်ဘူး''

''ဟင်း ဒီလောက်ထိဒုက္ခတွေပေးထားပြီးနင်ကဘာဆက်လုပ်ချင်သေးလို့လဲ နင့်ကြောင့်အားလုံးစိတ်သောကရောက်နေကြရတာနင်သိလား နင့်လုပ်ရပ်အတွက်နင်ဘာပြန်ရလဲငါ့ကိုပြောစမ်း''

Fall in Love[completed]Where stories live. Discover now