Extra Part

16K 199 3
                                    


Unicode

ကလေးအုပ်စုရှေ့မှာလက်နှစ်ဖက်ပိုက်ကာရပ်နေတဲ့ပန်းလေးနဲ့သူမရဲ့သမီးဖြစ်သူနှင်းခတ်ပန်း။
နှင်းခတ်ပန်းလေးကအခုဆိုခြောက်နှစ်ရှိပါပြီ။

''ဟဲ့ ဘယ်သူလဲငါ့သမီးကိုအနိုင်ကျင့်တာ''

ကလေးတွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာသူသူငါငါလွှဲချကြ၏။

''သမီး မာမီသမီးကိုဘာပြောထားလဲ''

မအေတူသမီးပီပီ နှင်းခတ်ပန်းလေးကမျက်နှာကိုချီ၍

''သူများကတစ်ချက်လုပ်ရင်ကိုယ်ကအနည်းဆုံးနှစ်ချက်တော့ပြန်လုပ်နိုင်ရမယ် ဘယ်တော့မှတစ်ချက်ပဲပြန်လုပ်ခဲ့ရတယ်ဆိုတာမျိုးမဖြစ်စေနဲ့ သူကလက်ရွယ်တယ်ဆိုတာနဲ့ ကိုယ်ကသူ့ကိုဆော်ပလော်တီးပြီးသားဖြစ်နေရမယ် ဖြစ်တဲ့ပြဿနာသမီးဒက်ဒီရှင်းလိမ့်မယ်''

''ဟုတ်ပြီ ဒါဆိုဘာလုပ်ရမလဲသိတယ်မလား''

''yesမာမီ''

_________

ထူးခြားလူနာတွေကိုအလှည့်ကျဆေးကုနေတုန်းစားပွဲပေါ်ကသူ့ဖုန်းကမြည်လာ၍သူယူကြည့်လိုက်တော့သူ့အမေဆက်လာတာပါ။

''ဟဲလိုမေမေ''

''သားရေ အိမ်ကမျောက်သားအမိပြဿနာရှာပြန်ပြီကွယ်''

ဒါတွေကသူ့အတွက်ရိုးနေပြီမို့သူထူးထွေပြီးတုန်လှုပ်မနေ။

''ဘာဖြစ်ပြန်ပြီလဲမာမီ''

''ကလေးချင်းရန်ဖြစ်တာကိုလူကြီးတွေပါပါလာတာသားရေ အခုရပ်ကွက်ရုံးမှာ သားအားရင်လာခဲ့ဦး''

''ဟုတ်ကဲ့မေမေ''

သူဖုန်းချကာအခန်းထဲကထွက်လာပြီးဘေးခန်းကထက်မြတ်သာထံသွားကာ

''ငါ့ကောင် ဒီဘက်ကငါ့လူနာတွေခဏကြည့်ပေးဦး ငါအိမ်ပြန်လိုက်ဦးမယ်''

''ဘာလဲ မင်းရဲ့မိဖုရားနဲ့သမီးတော်ကပြဿနာရှာပြန်ပြီလား''

''အေး ဟုတ်တယ်''

''မင်းမလည်းတစ်နေ့တစ်နေ့မပျင်းရဘူး ကဲသွားသွား ဒီဘက်ကိုငါကြည့်ထားလိုက်မယ်''

''အေး ငါအမြန်ပြန်ခဲ့မယ်''

ပြောပြီးသူဆေးခန်းထဲမှထွက်လာခဲ့လိုက်၏။

Fall in Love[completed]Where stories live. Discover now