Part.2

12.4K 253 0
                                    

Unicode

မေလေးသေချာဂဃဏနသိချင်၍အန်တီတကူးကိုဖုန်းဆက်မေးတော့အန်တီကခမ်းနားအားဧကရီသော်နဲ့ပြတ်သွားစေချင်၍တမင်ပြောလိုက်ပါတဲ့လေ။

''ဒါပေမယ့်အန်တီ အဲ့ကိစ္စနဲ့ပတ်သက်ပြီးဧကရီကမေလေးကိုပြဿနာရှာသွားတယ်''

''ဟင် ဟုတ်လား သမီးကိုသူဘာလုပ်သွားသေးလဲ''

''သူ ဘာမှမ''

သူမစကားမဆုံးခင်တစ်စုံတစ်ယောက်ကသူမဖုန်းအားဆွဲယူလိုက်၍နောက်ကိုလှည့်ကြည့်လိုက်တော့ခမ်းနားဖြစ်နေလေ၏။

''ခမ်းနား''

သူကဖုန်းချပစ်လိုက်ပြီး

''နင်ကငယ်ငယ်ကအကျင့်ကိုမပျောက်ဘူးပဲမေလေး အမြဲညှော်စီလုပ်ပြီးအတို့အထောင်ကတော့တော်တော်ဖြစ်တယ်''

''နင်ဘာတွေပြောနေတာလဲ''

''နင့်ကိုဧကရီပါးရို.က်သွားတာကိုနင်ငါ့အမေကိုညှော်နေတာမလား အစကတည်းကမေမေကမကြည်ရတဲ့ထဲနင်ကပါအတို့အထောင်လုပ်နေတာလား''

''နင်ရမ်းသမ်းမစွပ်စွဲနဲ့ အေး ငါတစ်ကယ်လုပ်တယ်ဆိုရင်ရောဘာဖြစ်လဲ ငါ့မှာလုပ်ပိုင်ခွင့်ရှိတယ် နင့်ကောင်မကအရင်ငါ့ကိုရမ်းကားသွားတာနင်ကန်းနေလား''

''ဘာ မေလေး နင်ငါ့ကိုဘယ်တုန်းကအဲလိုပြောဖူးလို့လဲ''

''အရင်ကမပြောဖူးလည်းအခုပြောတယ် နင်သူ့ကိုချစ်မှန်းငါသိတယ် ဒါပေမယ့်တစ်ဖက်ပိတ်တော့မလုပ်နဲ့ ငါလည်းပြောပြီးပြီဆိုပေမယ့်နင့်ကောင်မကိုထပ်ပြောလိုက်ဦး ငါတစ်ကယ်မကျေဘူးလို့''

ပြောပြီးမေလေး ခမ်းနားဆောင့်တွန်းလွှတ်ပြီးသူ့လက်ထဲကသူမဖုန်းကိုပြန်ဆွဲယူကာသူ့ရှေ့မှလှည့်ထွက်လာလိုက်လေ၏။

ဘယ်လိုပြောပြောမယုံမယ့်သူကိုဘာမှရှင်းပြနေစရာမလိုဘူးလေ။
ဒါပေမယ့်အဏ္ဏဝါမေဘာလဲဆိုတာကိုတော့ပြချင်မိသေးသည်။

🍎🍓🍓🍎

ကိုကိုကခုထိသူမအားဖုန်းမဆက်၍ဧကရီသူမဘက်ကနေပဲဖုန်းစခေါ်လိုက်၏။

ကိုကိုကချက်ချင်းဖုန်းကိုင်ပြီး

''ဘာကိစ္စလဲဧကရီ''

Fall in Love[completed]Where stories live. Discover now