Part.5

7.9K 177 0
                                    

Unicode

နေ့လည်လေးနာရီလောက်မှာဧကရီတစ်ယောက်ခမ်းနားထံဖုန်းဆက်လာ၏။

''ကိုကို ဧကရီ့ဆီဘာလို့မလာတာလဲ''

ခမ်းနားဘာပြန်ပြောလို့ပြောရမလဲမသိ။

''ကိုယ်လာပါတယ် ဧကရီ့မိဘတွေကပေးမတွေ့လို့''

''ကိုယ်တဲ့လားကိုကို ချက်ချင်းကြီးအဲလိုပြောင်းလဲသွားရလား''

''ဧကရီ ကိုယ်ကအိမ်ထောင်သည်ဖြစ်နေပြီ ကိုယ်တို့ ထပ်မပတ်သက်ပဲနေကြရအောင်''

''ကိုကိုဘာပြောလိုက်တယ် ဧကရီကဘယ်လိုလုပ်ပြီးကိုကိုနဲ့မပတ်သက်ပဲနေနိုင်မှာလဲ ဧကရီဘာလို့အက်စီးဒင့်ဖြစ်လဲကိုကိုသိလား ကိုကို့အမေကကိုကိုလက်ထပ်တော့မယ့်အကြောင်းပြောလို့ဧကရီကိုကို့ဆီလာရင်းဖြစ်တာ''

''ပြီးခဲ့တာတွေကိုယ်မသိချင်တော့ဘူး''

''ဘာ! အဲလိုရကြေးလား ကိုကိုဧကရီ့ကိုမချစ်တော့ဘူးလားဟင် ဟုတ်လား လက်ထပ်ထားတာတစ်ရက်ပဲရှိသေးတာကို ကိုကို့နှလုံးသားကအဏ္ဏဝါမေဘက်ယိမ်းယိုင်သွားပြီလား ကိုကိုသူ့ကိုချစ်သွားပြီလား''

''ချစ်တာမချစ်တာနဲ့မဆိုင်ဘူးဧကရီ ကိုယ်ကအခုကာမပိုင်ဇနီးရှိနေတဲ့အိမ်ထောင်သည်မို့ပြောနေရတာ ဘာကြောင့်ပဲယူယူ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာတော့စည်းထားရမယ်လေ''

''ကိုကိုအရမ်းရက်စက်တာပဲ ဘယ်လိုများဒီလိုပြောထွက်နိုင်ရတာလဲ ဧကရီ​ေ.သသွားတာကိုကိုမြင်ချင်နေတာလား''

''မဟုတ်တာတွေဧကရီရာ''

''အခုဧကရီသိချင်တာတစ်ခုပဲရှိတယ် ကိုကိုဧကရီ့ကိုချစ်သေးလား''

''ကိုယ်ချစ်ပါတယ် ဒါပေမယ့်''

''ဒါပေမယ့်တွေဘာတွေလုပ်မနေပါနဲ့ ကိုကိုအခုဧကရီ့ဆီလာခဲ့ ဧကရီကိုကို့ကိုအရမ်းလွမ်းတယ် ညနေငါးနာရီကျရင်ဧကရီဆေးရုံကဆင်းတော့မှာ အဲ့မတိုင်ခင်ရောက်အောင်လာခဲ့ မဟုတ်လို့ကမနက်ဖြန်ကျရင်ရုပ်ရှင်မင်းသမီးဧကရီကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုကိုကိုကြားရလိမ့်မယ်''

Fall in Love[completed]Where stories live. Discover now