Part.10

8.7K 158 0
                                    

Unicode

''ခမ်းနားထည်ဝါ!!!!''

နာမည်အပြည့်အစုံခေါ်ကာအိမ်ပေါ်ကနေထမိန်းရင်လျှားပြီးတဘက်လေးပတ်ထားရင်းမေလေးတစ်ယောက်ဒေါကြီးမောကြီးဆင်းလာလေ၏။

အောက်ထပ်ရောက်တော့ခမ်းနားကဧည့်ခန်းထဲမှာမှန်ထိုင်ကြည့်နေ၍မေလေးသူ့လက်ထဲကမှန်ကိုဆွဲယူပြီး

''ငါ့အဝတ်အစားတွေကဘာဖြစ်သွားတာလဲ ဘာလို့ငါ့အင်္ကျီတွေအစားဂါဝန်တွေစကပ်တွေကဗီရိုထဲရောက်နေတာလဲ ဒါနင့်လက်ချက်မလားခွေးကောင်''

ခမ်းနားခုမှသဘော​ပေါက်သွားပြီးလက်ထဲကဆေးဗူးကိုစားပွဲပေါ်တင်ကာမေလေးနဲ့မျက်နှာချင်းဆိုင်ရပ်ပြီး

''ဟုတ်တယ် ဘာဖြစ်လို့လဲ''

''ဘာ နင်ဘာသဘောနဲ့ခုလိုလုပ်တာလဲ ငါ့အဝတ်အစားတွေကရော''

''လွှင့်ပစ်လိုက်ပြီ''

''ဘာ!!"

အိမ်ကိုပြန်သွားတာမှသုံးရက်ပဲရှိသေးတာကိုဒင်းကသူမအဝတ်အစားတွေအကုန်လုံးကိုသူ့သဘောနဲ့သူခြယ်လှယ်ပစ်လိုက်သည်တဲ့။

''ဟဲ့ အဲဒါတွေကတစ်စုံဘယ်လောက်လဲသိလား ပိတ်စဖိုးထက်ချုပ်ခကပိုစျေးကြီးတယ်ငနာရဲ့''

''ငါနင့်ကိုပြန်ဝယ်ပေးထားတာတွေကတစ်စုံကိုနင့်အဝတ်အစားရဲ့သုံးစုံစာလောက်ရှိတယ်အစုတ်အလုတ်မလေးရဲ့ စေတနာကိုနားမလည်ဘူး''

ပြောပြီးသူမေလေးလက်ထဲကမှန်ကိုပြန်ယူပြီးဆိုဖာမှာပြန်ထိုင်ကာသူ့မျက်နှာကဒဏ်ရာကိုဆေးဆက်လိမ်းနေလိုက်၏။

''မျက်နှာကဘာဖြစ်တာလဲ''

''ဧကရီ့လက်သည်းနဲ့ကုတ်မိတာ''

''အမ် ဘယ်လိုဖြစ်တာလဲ ပြစမ်း''

မေလေးသူ့ဘေးဝင်ထိုင်ကာသူ့မျက်နှာကိုဆွဲလှည့်လိုက်တော့ကုတ်ရာကတစ်ခုနှစ်ခုမက။

''နင်တို့ဘာဖြစ်ကြတာလဲ သူ့အသံကငါ့အခန်းထဲထိတောင်ကြားရတယ်''

''ဒီလိုပါပဲ''

သူမပြောချင်လောက်ဘူးထင်၍မေလေးလည်းဆက်မမေးမိပေ။

ခမ်းနား ဆံပင်ကိုညှပ်ကလစ်နဲ့ဖြစ်သလိုညှပ်ထားပြီးနဖူးထက်ကရေစိုနေတဲ့ဆံစလေးတွေနဲ့သူမအားသေချာစိုက်ကြည့်နေလိုက်မိသည်။

Fall in Love[completed]Where stories live. Discover now