Unicode
မေလေးအိမ်ထဲပြန်ဝင်လာတော့ခမ်းနားက
''နင်သူ့ကိုဘာတွေသွားပြောလိုက်တာလဲ''
မေလေးကလက်နှစ်ဖက်ပိုက်ပြီးမခိုးမခန့်ရုပ်လေးနဲ့
''သူအလကားနေရင်းနင်ကိုမျှော်လင့်နေရမှာစိုးလို့ ငါနင့်ကိုမကွာပေးမယ့်အကြောင်းလိုက်ပြောတာ''
''ဘာ''
''ဘာဖြစ်လို့လဲ ငါ့မှာအဲလိုပြောပိုင်ခွင့်မရှိလို့လား နင်လည်းငါ့ကိုကွာရှင်းဖို့အိပ်မက်ထဲတောင်ထည့်မမက်နဲ့ ငါ့ကိုယ်ငါတစ်ခုလပ်အဖြစ်ခံမှာမဟုတ်ဘူး နင်သူနဲ့တွဲချင်ရင်လည်းခိုးတွဲပေါ့ ငါခွင့်ပြုတယ် အဓိကကလူတွေအမြင်မှာငါကနင့်ဇနီးအဖြစ်ရှိနေရင်ရပြီ''
''ဘာပြောလိုက်တယ် နင်ငါ့ကိုဘယ်လိုကောင်စားမျိုးထင်နေလဲမေလေး ငါအဲလောက်နိမ့်ကျတဲ့ကောင်မဟုတ်ဘူး''
''အဲဒါဆိုလည်းနင့်ဧကရီလေးကိုနင်ကိုယ်တိုင်ပြောလိုက်လေ ကိုကို့ဇနီးကကိုကို့ကိုတစ်သက်လုံးမကွာပေးဘူးလို့ပြောလို့ ကိုကိုတို့လည်းတစ်သက်လုံးမဖြစ်နိုင်တော့ဘူးလို့''
''ဘာလဲ နင်ကငါသူ့ဆီပြန်ပါသွားမှာတော်တော်စိုးရိမ်နေတာလား''
''လာပြန်ပြီ ငါနင်ကိုမကွာပေးဘူးဆိုတာကလေ ငါကနင့်အနားနေချင်လွန်းလို့လို့မထင်ပါနဲ့ ဧကရီသော်ဆိုတဲ့မိန်းမကိုမရှုံးချင်လို့နားလည်လား နင့်ကိုကွာပေးရင်ငါသူ့ကိုရှုံးသွားမှာပေါ့ ငါေ.သရင်တောင်မှအရှုံးမခံနိုင်ဘူး''
''ဘာ!''
ချက်ချင်းဆိုသလိုခမ်းနားမျက်နှာကြီးကရဲတက်လာလေ၏။
သူမ ပြောလိုက်တဲ့စကားတွေထဲမှာသူ့ကိုစိတ်တိုသွားစေတဲ့စကားပါသွားပေမယ့်အဲဒါဘယ်စကားလဲသူ့ကိုယ်သူလည်းမသိ။''နင့်ကိုအဲဒါတွေကြောင့်ငါချဥ်တာ နင်နဲ့ငါ့ရဲ့အိမ်ထောင်ရေးကလည်းဘယ်တော့မှသာယာလာမှာမဟုတ်ဘူး ငါလည်းနင်ကိုကြာလေကြည့်မရလေပဲ''
''တူတူပဲ နော် ငါလည်းနင်နဲ့တူတူပဲ နင်တစ်ယောက်တည်းအဲလိုခံစားနေရတယ်မထင်နဲ့ ငါ့မိဘတောင်မခြယ်လှယ်တဲ့ငါ့ဘဝကိုနင်ပဲအမျိုးမျိုးခြယ်လှယ်ခဲ့တာ ငါ့ဘဝမှာတစ်စုံတစ်ယောက်ကြောင့်ပဲစိတ်ဆင်းရဲ စိတ်ထိခိုက်ခဲ့ရတာ အဲဒါနင်ပဲခမ်းနား နင်ကဘယ်တုန်းကမှငါ့ကိုကောင်းကျိုးပေးခဲ့တဲ့သူမဟုတ်ဘူး ဘယ်တော့မှလည်းကောင်းကျိုးပေးလာမယ့်ကောင်မဟုတ်ဘူး နင်ငါ့ကိုကြည့်မရဘူးဆိုရင်ငါကနင့်ထက်ပိုတယ်ဆိုတာသိထားလိုက်''