Unicodeခမ်းနားအိမ်ပြန်မလို့ကားစက်နှိုးနေတုန်းသူ့ဘေးဘက်ခြမ်းကကားတံခါးကပွင့်သွားပြီးဧကရီကကားထဲဝင်ထိုင်လိုက်၍သူမျက်မှောင်အစုံကျုံ့ကာ
''မင်းဒီကိုဘာလုပ်တာလဲ''
''အလည်လာတာလေ မရဘူးလား''
''ဒါမင်းအလည်လာချင်တိုင်းလာလို့ရတဲ့နေရာမဟုတ်ဘူး ပြီးတော့ငါအိမ်ပြန်တော့မှာ ငါ့ကားပေါ်ကဆင်း''
''မဆင်းဘူး အရင်ကတော့ရှင့်ဆီနေ့တိုင်းလိုလိုလာတာတောင်ဘာမှမပြောပဲနဲ့''
''အရင်နဲ့အခုနဲ့မတူတော့ဘူး အခုဆင်း''
''ဟင့်အင်း ဧကရီ့ကိုတစ်နေရာလိုက်ပို့''
''မင်းရဲ့ကားကရော မင်းမန်နေဂျာကရော''
ဧကရီကဆံပင်ကိုလက်ညှိုးလေးနဲ့လိမ်ရင်း
''ပြန်လွှတ်လိုက်ပြီ''
''ဘာ မင်းတမင်လုပ်တာလားဧကရီ''
''အင်းလေ ကဲပါ သွားရအောင် ထုတ်လုပ်ရေးရှေ့မှာအကြာကြီးရပ်နေတာသူများမြင်သွားဦးမယ်''
''ကျစ်''
သူစိတ်ပျက်နေတဲ့ပုံနဲ့ကားစက်အားနှိုးလိုက်၏။
ကားမောင်းရင်းနာရီတကြည့်ကြည့်လုပ်နေသောသူ့အားဧကရီမဲ့ခနဲကြည့်ရင်း''ဘာလဲ အိမ်ကဇနီးလေးမျှော်နေမှာစိုးရိမ်နေတာလား''
''မင်းနဲ့မဆိုင်ပါဘူး''
''ဟင်းးး ယောကျ်ားတွေများ အပြောင်းအလဲမြန်လိုက်တာ တစ်ချိန်ကချစ်လှပါချည်ရဲ့ဆိုတဲ့သူကလည်းအခုတော့မျက်နှာတောင်စေ့စေ့မကြည့်တော့ပါလား''
''ပြောင်းလဲဆိုတာကလည်းကိုယ့်ရဲ့လက်ရှိဖြစ်တည်မှုအပေါ်မှာမူတည်သေးတယ် ဇနီးမယားရှိနေပါလျက်နဲ့ရည်းစားဟောင်းနဲ့ဆက်ပြီးပတ်သက်ရလောက်အောင်ငါအဲလောက်သိက္ခါမမဲ့သေးဘူး မင်းဘယ်သွားမှာလဲ''
''ဧကရီ့မန်နေဂျာရဲ့ကွန်ဒိုကို အရင်လိပ်စာပဲ သိတယ်မလား''
သူဘာမှဆက်မပြောပဲကားကိုအရှိန်တင်လိုက်၏။
_________
သူ့ကားကကွန်ဒိုတစ်ခုရှေ့ထိုးရပ်သွားတာနဲ့ဧကရီကကားခါးပတ်ကိုဖြုတ်ကာခမ်းနားဘက်လှည့်၍