Part.1

24.8K 244 0
                                    

Unicode

''ငါလုံးဝသဘောမတူဘူးလို့ပြောပြီးသားနော်ခမ်းနားထည်ဝါ မင်းကိုငါအပ်ကြောင်းထပ်အောင်ပြောပြီးတာကိုမင်းအခုထိနားမလည်သေးဘူးလား မင်းငါ့ဒေါသကိုလာဆွနေတာလား''

သူတို့သားအမိရဲ့ရန်ပွဲကဖန်တရာတေနေပါပြီ။
ကြာတော့ဘေးလူတွေတောင်အလွတ်ရနေပြီ။

''ကျွန်တော်ဧကရီ့ကိုတစ်ကယ်ချစ်တာမေမေ ကျွန်တော်သူ့ကိုပဲလက်ထပ်ချင်တာ''

''မရဘူး မင်းကြိုက်တဲ့မိန်းမကိုယူလာခဲ့ လမ်းဘေးကမိန်းမပဲဖြစ်ဖြစ် နူဝဲနေတဲ့မိန်းမပဲဖြစ်ဖြစ် မသန်စွမ်းပဲဖြစ်ဖြစ်ယူခဲ့ ဧကရီသော်တော့မရဘူး အဲ့မိန်းကလေးကလွဲရင် တစ်ခြားဘယ်မိန်းမနဲ့မဆိုငါမင်းကိုသဘောတူတယ်''

''ဧကရီ့မှာဘာအပြစ်ရှိလို့မေမေသူ့ကိုဒီလောက်မုန်းနေရတာလဲ''

''အပြစ်လား ဒေါ်နွယ်နှင်းဆီရဲ့မြေး ဧကရာဇ်ရဲ့သမီးဖြစ်နေတာကိုကသူ့အပြစ်ပဲ''

''ကျွန်တော်တို့မမွေးခင်ကဖြစ်ခဲ့တဲ့ကိစ္စတွေကကျွန်တော်တို့ကိုဘာလို့သက်ရောက်နေရတာလဲ''

''ဘယ်အချိန်ကပဲဖြစ်ခဲ့ဖြစ်ခဲ့ ရန်ကြွေးဆိုတဲ့အမျိုးကဘယ်တော့မှမကြေဘူး မှတ်ထား ဧကရီသော်နဲ့ကိစ္စကိုမင်းမြန်မြန်ဇာတ်လမ်းဖြတ် မဟုတ်လို့ကတော့ ငါမင်းတို့ကြားထဲဝင်ရလိမ့်မယ်''

ပြောပြီးဒေါ်နွေတကူး သားဖြစ်သူရှေ့ကလှည့်ထွက်လာခဲ့လိုက်၏။
ဒီကိစ္စနဲ့ပတ်သက်ပြီးသူမတို့သားအမိစကားများရတာဘယ်နှစ်ခါရှိပြီလဲ။
ကြိုက်စရာရှားလို့ဒီမိန်းကလေးကိုမှကြိုက်ရတယ်လို့။

🍎🍓🍓🍎

စားသောက်ဆိုင်တစ်ခုရဲ့vip roomထဲမှာမိန်းကလေးတစ်ဦးငိုသံသဲ့သဲ့ကပျံ့လွင့်နေလေ၏။

''အဟင့် ဟင့်''

''မငိုပါနဲ့ဧကရီရယ် ကိုကိုဒီကိစ္စကိုပြေလည်အောင်လုပ်ပေးပါမယ်''

''ဘယ်လိုလုပ်မှာလဲကိုကို ကိုကို့မေမေကခါးခါးသီးသီးဖြစ်နေတာကို''

''မေမေကန့်ကွက်လည်းကိုကိုကဧကရီ့ကိုပဲချစ်တယ် ဧကရီ့ကိုရအောင်လက်ထပ်မယ်''

Fall in Love[completed]Where stories live. Discover now