Unicode
''မငွေရီ ဟိုတစ်ယောက်ရော''
သူအောက်ထပ်ကိုဆင်းခဲ့တော့မေလေးအရိပ်အယောင်တောင်မတွေ့ရ၍မေးလိုက်ခြင်းပင်။
''ခမ်းနားမသိဘူးလား မေလေးကသူ့မိဘအိမ်ပြန်သွားတာလေ''
''ဘာရယ် သူကဘာကိစ္စကျွန်တော့်ကိုမပြောသွားရတာလဲ''
''ခမ်းနားတောင်မသိတာမငွေရီကဘယ်သိမလဲ''
''ကျစ်''
သူဆူပုပ်ပုပ်နဲ့အိမ်ပေါ်ပြန်တက်ခဲ့လိုက်၏။
မငွေရီကသူ့ကိုလိုက်ကြည့်ပြီး''ဟင်း ဒီလင်နဲ့ဒီမယားနှစ်ယောက်လေးရှိလို့သာပဲ တစ်ယောက်နဲ့တစ်ယောက်ကရန်သူကြီးတွေကျလို့ သူတို့နဲ့ကြာရင်ငါလည်းရူးတော့မယ်''
ခမ်းနားအခန်းထဲပြန်ရောက်တာနဲ့မေလေးဆီဖုန်းခေါ်တော့မယ်မင်းကြီးမလေးကချက်ချင်းမကိုင်။
သူထပ်ခါထပ်ခါခေါ်လည်းဖုန်းကိုင်မယ့်သူကမရှိ။''နင်ကဒီလိုလား နင်ငါ့စိတ်ကိုလာဆွနေတာပဲ''
သူခုနှစ်ခါမြောက်ထိခေါ်မှမေလေးကဖုန်းကိုင်ပြီး
''ဘာလဲ!''
ဆိုပြီးဆောင့်ဆောင့်အောင့်အောင့်နဲ့ကြိုဆို၏။
''နင်ဘာလုပ်နေလို့ဖုန်းကိုတော်တော်နဲ့မကိုင်တာလဲ''
''ဘာမှမလုပ်ဘူး တမင်မကိုင်ချင်လို့မကိုင်တာ''
''ဘာပြောတယ် နင်ကငါ့ကိုပညာလာစမ်းနေတာလားမေလေး''
''အပိုတွေပြောမနေနဲ့ ဘာပြောမလို့ဖုန်းဆက်တာလဲ''
''နင်အိမ်ပြန်သွားတာဘာလို့ငါ့ကိုမပြောခဲ့တာလဲ''
''နင်ကဘာမို့လို့ငါကနင့်ကိုသံတော်ဦးတင်နေရမှာလဲ''
''နင်အပိုတွေမပြောနဲ့ နင်ဘယ်ချိန်ပြန်လာမှာလဲသာပြော''
''နောက်သုံးရက်နေမှပြန်လာမှာ''
''ဘာ!! သုံးရက် နင်ကဘာကိစ္စအဲလောက်ထိနေမှာလဲ မလိုချင်ဘူး ခုပြန်လာခဲ့နော်''
''မလာနိုင်ဘူး''
''အေး အဲဒါဆိုငါလိုက်ခေါ်မှာ''