Part.6

9.5K 180 0
                                    

Unicode

ညဆယ့်နှစ်ခွဲလောက်မှာသူ့ကားမှန်ကိုလာခေါက်သံ​ကြား၍ခမ်းနားဆတ်ခနဲလန့်နိုးလာပြီးလှည့်ကြည့်လိုက်စဥ် မေလေးကဆံပင်ဖားလျားနဲ့သူ့ကားထဲငုံ့ကြည့်နေတာကြောင့်သူ့မှာလိပ်ပြာလွင့်မတက်လန့်သွားရလေ၏။

''ဟား လန့်လိုက်တာကွာ ငါ့ကို​ေ.သကြောင်းကြံနေတာလားမသိဘူး''

သူပြောပြောဆိုဆိုနဲ့ကားထဲကထွက်လိုက်ပြီး

''ဘာလဲပြော''

''အိမ်ထဲဝင်လို့ရပြီ''

ပြောပြီးမေလေးကသူ့ရှေ့ကထွက်သွားလေ၏။သူလည်းမာနပင်မဆည်နိုင်ပဲကားပေါ်တက်ကာခြံထဲမောင်းဝင်လာခဲ့လိုက်သည်။

အိမ်ထဲရောက်တော့အိမ်ပေါ်တက်မလိုလုပ်လုပ်နေတဲ့မေလေးအားလက်ကိုအမိအရဆွဲထားပြီး

''နင်ဘာလို့ခုလိုလုပ်တာလဲမေလေး''

''ဘာကိုလဲ''

''နင်လုပ်တာနင်သိမှာပေါ့ ဧကရီ့ဆီကိုနင်သွားခိုင်းလို့ငါသွားတာလေ ခုကျမှနင်ကဘာအချိုးချိုးတာလဲ''

မေလေးသူ့လက်ကိုဆွဲဖြုတ်ပြီး

''ငါနင့်ကိုပညာပြချင်လို့ကိုပြတာ ဘာကြောင့်မှမဟုတ်ဘူး''

''သေချာလား နင်သဝန်တိုနေတာမဟုတ်ဘူးလား''

''ဘာ''

''နင်ငါ့ကိုအစကတည်းကချစ်နေတာမလား အဲဒါကြောင့်ဒီလက်ထပ်ပွဲကိုလက်ခံခဲ့တာမလား''

''ဖြစ်ရတယ်ခမ်းနားရယ် နင်ကိုယ့်ကိုအရမ်းအထင်ကြီးလွန်းနေပြီ ငါနင့်ကိုလက်ထပ်တာကဧကရီ့ဆီကလျော်ကြေးပြန်ယူတာ ငါ့ပါးတစ်ချက်နဲ့သူ့နှလုံးသားကိုအလျော်အစားလုပ်လိုက်တာ ဘယ်လိုပဲဖြစ်ဖြစ်တန်တယ်လေ နင်သာကိုယ့်စိတ်ကိုနိုင်အောင်ထိန်း ငါ့အပေါ်ယိမ်းယိုင်မလာစေနဲ့''

ခမ်းနားကကိုယ့်ကိုယ်ကိုလက်ညှိုးထိုးပြီး

''ငါက နင့်ကို ရူးနေလားမေလေး စိတ်ချ နင့်ကိုတော့တစ်သက်လုံးမကြိုက်ဘူး''

''ဟုတ်ပြီလေ အဲဒါဆိုရင်ဂိမ်းတစ်ခုဆော့မယ် စည်းကမ်းကစချစ်မိတဲ့သူအရှုံး နင်ရှုံးရင်ငါ့ရှေ့မှာဒူးထောက် ငါရှုံးရင်နင့်အနားကထွက်သွားပေးမယ် ဘယ်လိုလဲ''

Fall in Love[completed]Where stories live. Discover now