Unicode
သူမအိမ်ပြန်ရောက်နေပြီဆိုတဲ့အကြောင်းကြားတော့မင်းထင်တစ်ယောက်သူမထံဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။
ဒီလောက်ဆိုသူလည်းအခြေအနေကိုရိပ်စားမိလောက်ရောပေါ့။
သူကမျက်နှာမကောင်းစွာနဲ့
''မေလေးသူနဲ့ပြန်ပေါင်းထုတ်တော့မယ်ပေါ့''
''မေလေးရဲ့ကလေးအတွက်ရောမေလေးကိုယ်တိုင်အတွက်ရောခမ်းနားကမရှိမဖြစ်လိုအပ်တယ် ပြီးတော့မေလေးတို့ဘယ်တုန်းကမှမကွဲခဲ့ဖူးဘူး မေလေးသူ့ကိုအရမ်းချစ်တယ်အရင်ကရော အခုရော နောင်တစ်သက်လုံးရောပဲ''
သူမ ပြောနေတာကိုအိမ်ပြန်ရောက်လာတဲ့ခမ်းနားကအိမ်ပေါက်ဝနေကြားသွားပြီးမျက်နှာကဟန်မဆောင်နိုင်လောက်အောင်ပြုံးရွှင်သွားရသည်။
''မေလေးအလိုအပ်ဆုံးကသူပဲ သူမှမဟုတ်ရင်တစ်ခြားဘယ်သူ့ကိုမှမလိုချင်ဘူး''
မင်းထင်စိတ်မကောင်းဖြစ်နေတဲ့ကြားကပြုံးလိုက်မိပြီး
''မေလေးကသူနဲ့မှပျော်မှာမလား မေလေးပျော်ရင်ရပါပြီ''
ထိုအခိုက်ခမ်းနားကအိမ်ထဲဝင်လာပြီးမေလေးဘေးမှာဝင်ထိုင်ကာ
''တစ်ချို့အချစ်တွေဆိုတာအစကတည်းကသတ်မှတ်ပြီးသား ငါနဲ့မေလေးရဲ့အချစ်ကလည်းအဲလိုပဲ ငါတို့ကတစ်ယောက်ကိုတစ်ယောက်ချစ်ဖို့မွေးဖွားလာတာ''
ထိုစကားအားသူမေလေးကိုကြည့်ရင်းပြောလိုက်၏။
''ဟုတ်ပါတယ် မေလေးကခင်ဗျားအတွက်ပါပဲ ခင်ဗျားတို့ကတစ်ယောက်အတွက်တစ်ယောက်ဖြစ်တည်လာကြတာပါ''
သူမတ်တပ်ထရပ်လိုက်ပြီး
''ကျွန်တော်သွားတော့မယ် မေလေးကိုအမြဲတမ်းချစ်နေပေးပါ''
ခမ်းနားဘာမှလိုက်ရသေးခင်မှာပဲသူအိမ်ထဲမှထွက်လာခဲ့လိုက်သည်။
''အချစ်ကသတ်မှတ်ပြီးသားဆိုရင် ကျွန်တော့်အချစ်ကလည်းမေလေးအတွက်လို့အစကတည်းသတ်မှတ်ခံထားရပုံပါပဲ ကျွန်တော်လည်းမေလေးအတွက်ဖြစ်တည်နေပေမယ့်မေလေးကကျွန်တော့်အတွက်မဟုတ်နေခဲ့ဘူး ကျွန်တော့်ကိုမလိုအပ်နေခဲ့ဘူး ဒါပေမယ့်မေလေးပျော်နေရင်ရပြီဆိုတာကတော့ တစ်ကယ်ကျွန်တော့်စိတ်ရင်းအမှန်ပါ''
![](https://img.wattpad.com/cover/364413529-288-k908342.jpg)