Part.14

7.5K 140 0
                                    

Unicode

ညနေခမ်းနားအိမ်ပြန်ရောက်လာတော့မေလေးကမျက်နှာမရွှင်မပျနဲ့ဧည့်ခန်းထဲမှာထိုင်နေ၍သူမေလေးနားကပ်ထိုင်ကာ

''မျက်နှာကဘာဖြစ်နေတာလဲ နေမကောင်းဘူးလား''

နှုတ်ကလည်းမေး လက်ကလည်းသူမနဖူးကိုစမ်းလာတဲ့ခမ်းနားအားမေလေးအသာလှည့်ကြည့်လိုက်သည်။
နေ့လည်ကမင်းထင်အိမ်လာသွားပြီးကတည်းကသူမနေရာမှာပဲမလှုပ်မယှက်ထိုင်နေမိခဲ့တာအခုခမ်းနားအိမ်ပြန်ရောက်လာတဲ့ထိပင်။

''ကိုယ်လည်းမပူပါဘူး တစ်နေနေရာနေမကောင်းတာလား ခေါင်းကိုက်နေတာလား ဗိုက်တွေဘာတွေအောင့်နေလို့လား''

''ရင်ဘတ်ထဲကအောင့်နေတာ''

''ဟင် အဲဒါဆိုဆေးခန်းပြမှဖြစ်မှာပေါ့ နှလုံးတစ်ခုခုဖြစ်နေရင်ဒုက္ခရောက်လိမ့်မယ်''

''ရတယ် ဘာမှမဖြစ်ဘူး ငါနင့်ကိုမေးစရာရှိတယ်ခမ်းနား''

''ဘာလဲ မေးလေ''

''နင်''

မေလေးနှုတ်ကဘာစကားမှမထွက်နိုင်ပေ။ဘာမဟုတ်တဲ့ကိစ္စလေးနဲ့သူ့ကိုပြဿနာရှာသလိုဖြစ်မှာလည်းစိုးပြန်သည်။

''ဘာမေးမှာလဲ မေးလေ''

''ဘာမှမဟုတ်တော့ဘူး အရေးမကြီးပါဘူး''

''ဟုတ်လို့လား ဘာလဲ မေးခဲ့ပါ ဘာလဲမေး''

''ဘာမှမဟုတ်တော့ပါဘူးဆို''

''အဲဒါဆိုငါတို့အခုဆေးခန်းသွားကြမယ်''

''ဟင့်အင်း မသွားတော့ဘူး''

''မသွားလို့ဘယ်ရမလဲ ရင်ဘတ်အောင့်တာပေါ့လို့မရဘူးနော်''

''ငါဘာမှမဖြစ်ဘူး နင့်ကိုဒီအတိုင်းလျှောက်စတာ နင်ဘယ်လိုနေမလဲသိချင်လို့''

''နင်ကလည်းနောက်စရာရှားလို့ ငါတစ်ကယ်စိတ်ပူသွားတာ''

''နင်ခုလိုဖြစ်တာကိုပဲမြင်ချင်လို့လေ''

''ခွေးမလေး''

သူမေလေးပါးအားဆွဲကို.က်ပစ်လိုက်၏။

''အာ့ နာတယ်နော်''

''အဲဒါနင့်ကိုအပြစ်ပေးတာ''

Fall in Love[completed]Where stories live. Discover now