Unicode
🍎🍓Fall in Love🍓🍎
Part.3
''သမီးရေ ဖုန်းလာနေတယ်''
အိမ်ရှေ့မှမေမေ့အသံကြောင့်မေလေးဟင်းအိုးကိုမီးခလုတ်ပိတ်ခဲ့ပြီးမီးဖိုခန်းထဲမှထွက်လာခဲ့လိုက်၏။
သူမစားပွဲပေါ်ကဖုန်းကိုယူကြည့်လိုက်တော့ဧကရီဆက်လာတာဖြစ်နေ၍စိတ်ရှုပ်ထွေးသွားရသည်။
ဘာတွေရန်လုပ်ဦးမလဲမသိ။''ဟင်းး''
သူမသက်ပြင်းလေးချရင်းအိမ်ထဲကထွက်လာပြီးမှဖုန်းကိုင်ကာ
''ဘာလဲ''
''အဏ္ဏဝါမေ နင်ကိုကိုနဲ့ကိစ္စကိုလက်ခံရဲလက်ခံကြည့်နော်''
မေလေးထင်တဲ့အတိုင်းပင်။
''ဒီမှာ ငါ့ကိုအဲ့လေသံနဲ့လာမပြောနဲ့ ဒါလူကြီးတွေသူတို့ဘာသာပြောထားတဲ့ကိစ္စ''
''ဟဲ့ ကာယကံရှင်ကနင်လေ နင်ငြင်းပေါ့''
''ဟင့်အင်း မငြင်းချင်ပါဘူး''
''ဘာ!!''
မေလေးတမင်အမြင်ကပ်လို့ပြောပစ်လိုက်တာပါ။တစ်ကယ်ကသူမလည်းဒီကိစ္စကိုငြင်းဖို့စဥ်းစားထားပြီးသား။
''ဟုတ်တယ် မငြင်းချင်ဘူး ဘာဖြစ်လဲ''
''ကောင်မ နင့်ရုပ်နင်မှန်ထဲပြန်ကြည့် ငါ့ခြေဖျားတောင်မီလို့လား ငါနဲ့ယှဥ်နိုင်လား ငါကနင့်ထက်အစစအရာရာသာပြီးသား နင်ဘယ်တော့မှငါ့ကိုမယှဥ်နိုင်ဘူး ကိုကိုကနင်လိုမိန်းမကိုစိတ်ဝင်စားမယ်ထင်နေလား ဟမ်''
''ဘာပြောလိုက်တယ် နင်စကားပြောတာတော်တော်ရင့်တာပဲဧကရီသော် အဲဒါကြောင့်နင့်ကိုအန်တီတကူးကမုန်းတာ''
''နင်ဘာစကားပြောလိုက်တယ်''
''ကြားတဲ့အတိုင်းပဲ ငါကနင့်ခြေဖျားတောင်မမီဘူးဟုတ်လား နင့်ကိုတောင်မယှဥ်နိုင်ဘူးပေါ့လေ အေး အဲဒီ့ နင့်ခြေဖျားတောင်မမီဘူးဆိုတဲ့ငါက နင့်ကောင်လေးကိုရအောင်ယူပြမယ် နင်ကျရှုံးဖို့ပြင်ထားလိုက် နင်အပြစ်တင်ချင်ရင် အန်တီတကူးရဲ့အမုန်းခံဘဝအဖြစ်မွေးလာတဲ့နင့်ကံကိုပဲအပြစ်တင်လိုက် ငါကတော့ ငါ့ကိုသူမွေးထားတဲ့သားထက်ပိုပြီးချစ်တဲ့အန်တီတကူးရဲ့ချွေးမလေးအဖြစ်နေသွားတော့မယ်''