Part.11

7.8K 151 0
                                    

Unicode

''မေလေး''

ပန်းပင်ရေလောင်းနေရာမှခြံရှေ့ကအသံကြောင့်သူမလက်ထဲကရေပိုက်ကိုချ၍ခြံရှေ့သို့ရောက်လာခဲ့လိုက်သည်။

အသံကြားလိုက်တာနဲ့မင်းထင်မှန်းမေလေးသိပြီးသားပါ။

သူမခြံတံခါးဖွင့်ပေးလိုက်ပြီး

''ဘာကိစ္စရှိလို့လဲမင်းထင်''

သူကမေလေးအားခေါင်းစခြေဆုံးကြည့်ကာ

''မေလေးတောင်အဝတ်အစားဒီဇိုင်းပြောင်နေပါလား''

''ဟုတ်တယ် အဲဒါက''

မေလေးဖြေမလို့လုပ်တုန်းအနားကိုမငွေရီရောက်လာပြီး

''ဟုတ်တယ် ခမ်းနားပေါ့ မေလေးကမြန်မာဝတ်စုံနဲ့ဆိုခန္ဓာကိုယ်အရမ်းလှတော့ယောကျ်ားလေးတွေကလိုက်ကြည့်ကြတာကိုသူမခံနိုင်လို့ သဝန်တွေတိုပြီးသူပဲဒီပုံစံတွေဝတ်ခိုင်းတာပဲ''

''ဪ''

''မငွေရီကလည်း ဘာတွေပြောနေမှန်းမသိဘူး မင်းထင်ကိစ္စရှိလို့လား''

မင်းထင်ကသူ့လက်ထဲကအထုပ်တွေကိုမြှောက်ပြပြီး

''ဒါဟိုနေ့ကမေလေးကျန်ခဲ့တဲ့ပစ္စည်းတွေလေ''

''အဲ ဟုတ်ပါရဲ့ တော်တော်တောင်ကြာနေပြီ ကျေးဇူးပဲနော်''

''ရပါတယ် ကျွန်တော်လည်းလာပေးမလို့ပါပဲ ဒါပေမယ့် ကျွန်တော်''

သူပြောမယ့်စကားကိုထိုနေရာမှာရပ်လိုက်ပြီးစိတ်ထဲမှ

''ကျွန်တော်အသည်းကွဲသွားသလိုခံစားနေရလို့ပါ''

''မင်းထင်အိမ်ထဲဝင်ဦးလေ''

''မဝင်တော့ပါဘူး ကျွန်တော်သွားတော့မယ်''

''ဟုတ်ကဲ့ပါ ကျေးဇူးပဲနော်''

သူထွက်သွားမှမငွေရီကမေလေးနားကပ်ကာ

''ဒီကောင်လေးရိုးကိုမရိုးဘူး''

''အဲလိုမှန်းသိရဲ့သားနဲ့မေလေးရဲ့အိမ်လိပ်စာကိုဘာလို့သွားပေးသေးလဲ''

''အဲ သူတစ်ကယ်ရောက်ချလာတယ်လို့တော့မပြောနဲ့နော်''

မေလေးကခေါင်းရမ်းပြီးအိမ်ထဲဝင်သွားတော့မငွေရီကနောက်ကနေကပ်လိုက်ကာ

Fall in Love[completed]Where stories live. Discover now