Unicode
ခမ်းနားထမင်းစားခန်းထဲမှာမနက်စာစားနေတုန်းမေလေးကအလှတွေပြင်ပြီးလက်ဆောင်ထုပ်တစ်ခုကိုဆွဲကာထမင်းစားခန်းထဲဝင်လာ၍သူမျက်မှောင်ကျုံ့ကြီးနဲ့ကြည့်ကာ
''နင်ဘယ်သွားမလို့လဲ''
မေလေးသူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီး
''ကိုမင်းထင်ရှားတို့အိမ်တက်လေ''
''အိမ်တက်သွားမှာကိုဘာလို့ဒီလောက်ပြင်ထားတာလဲ နင်ကအိမ်တက်သွားမှာလားရှိုးသွားပြမှာလားဟမ်''
''လျှာရှည်လိုက်တာ အဲဒါဆိုငါကမျက်နှာပြောင်နဲ့သွားရမှာလား''
''မလိုချင်ဘူး ခုချက်ချင်းဆံပင်သွားစည်း နှုတ်ခမ်းနီကအရမ်းတောက်လွန်းတယ် ပြန်သွားဖျက် ပြီးတော့eye shadowတွေရောခုသွားဖျက်''
''မလုပ်နိုင်ပါဘူး နင်ကဘာမို့လို့ငါ့ကိုလာပြီးအမိန့်ပေးနေတာလဲ''
''ငါကနင့်ယောကျ်ားလေ''
''ဟုတ်လား ဘယ်သူကပြောတာပါလိမ့် ငါလည်းမသိလိုက်ရပါလား''
''နင်ငါ့ကိုစောစောစီးစီးဒေါသထွက်ရအောင်မလုပ်နဲ့နော်မေလေး''
''နင်ကသာငါ့ကိုစိတ်အနှောက်အယှက်လာပေးနေတာသိလား နင်ကငါ့ကိုစိတ်ရောလူရောဒုက္ခပေးဖို့လူဖြစ်လာတာသိလား ဒီမှာ အရင်ကနင်နိုင်သမျှခံတယ်ဆိုတာ နင်ကငါ့အလုပ်ရှင်ဖြစ်နေတာရော သူငယ်ချင်းအချင်းချင်းဖြစ်နေလို့ရောကြောင့် အခုငါ့အနေအထားကနင့်ဇနီးနေရာမှာရှိနေတာ နင်ငါ့ကိုထပ်အနိုင်ကျင့်ခွင့်ပေးမှာမဟုတ်ဘူး ငါ့ကိုအမိန့်ပေးတာတွေချုပ်ကိုင်တာတွေလာမလုပ်နဲ့ ငါငြိမ်ခံနေမှာမဟုတ်ဘူး နင့်ကိုလည်းငါနေချင်သလိုနေခွင့်ပေးထားတာ အဲတော့ငါလည်းနေချင်သလိုနေမယ် နင်နဲ့ငါကအမည်ခံသက်သက်ပဲ ဟုတ်ပြီလား''
ပြောပြီးမေလေးသူ့ရှေ့ကထထွက်လာခဲ့လိုက်၏။
''စောစောစီးစီးအကုသိုလ်ပေးတဲ့ကောင် မိုးလင်းကတည်းကငါ့ကိုလိုက်ကိုက်နေတာခွေးလိုပဲ ကျက်သတုံး''
မေလေးပွစိပွစိပြောရင်းခြံထဲကထွက်လာလိုက်၏။
မင်းထင်ရှားတို့အိမ်ရောက်တော့ဖော်ရွေလွန်းတဲ့သူ့မိဘတွေကမေလေးကလိုတာထက်ကပိုကာကြိုဆိုနေကြ၍မေလေးမှာနေရပင်ခက်သွားရသည်။