Unicode
''နင်ငါ့ကိုဘာမှမပြောတော့ဘူးလား ဒါမဟုတ်နင်အခုထိမယုံသေးဘူးလား''
မေလေးကသူ့အားမျက်နှာလွှဲမယ်လုပ်တော့သူမေလေးမျက်နှာအားမေးကနေဆွဲလှည့်ပြီးသူ့အားပြန်ကြည့်စေ၍
''နင်ငါ့ကိုတစ်ခုခုတော့ပြန်ပြောစမ်းပါ နင်မယုံသေးဘူးလက်မခံနိုင်သေးဘူးဆိုလည်း နင်ယုံအောင်ငါလုပ်နိုင်တာမှန်သမျှနဲ့သက်သေပြမယ် နင်ယုံလားမယုံဘူးလားငါ့ကိုတစ်ခွန်းပဲပြော''
မေလေးကဘာမှမပြောပဲသူမပိုက်ဆံအိတ်ထဲကဆေးစစ်ချက်စာရွက်နဲ့အက်ထရာဆောင်းဓာတ်ပုံအားသူ့ရှေ့စားပွဲပေါ်တင်ပေးလိုက်၏။
''ဒါဘာလဲ''
''ကိုယ်ဝန်ရှိနေပြီ''
''ဘယ်သူလဲ''
မေလေးသူ့အားဂြိုဟ်ကြည့်ကြည့်ကာ
''ဘယ်သူရှိရမှာလဲ ငါပေါ့''
''ဟမ် နင် နင့်မှာကိုယ်ဝန်ရှိနေပြီဟုတ်လား ငါနဲ့ရတာလား''
''နင်နဲ့မဟုတ်လို့ဘယ်သူနဲ့ဖြစ်ရမှာလဲ နင်စကားပြောတာကိုကနော်''
ခမ်းနားကမေလေးအားတအံ့တသြကြည့်၍
''ငါ့ကလေး ငါ့ဗိုက် ဒါ ဒါဆိုငါကကလေးအဖေဖြစ်သွားပြီလား''
''အေး''
သူမေလေးအားဆွဲဖက်လိုက်ပြီး
''ဒါဆို ငါစိတ်ကူးထားတာတွေတစ်ကယ်ဖြစ်သွားပြီပေါ့ ငါ ငါဝမ်းသာလိုက်တာမေလေးရာ နင်ဘာလို့ငါ့ကိုအစကတည်းကမပြောတာလဲ''
''ငါလည်းမနေ့ကမှသိတာ နင့်ကိုပြောပြဖို့ဖုန်းဆက်သေးတယ် ဒါပေမယ့် ဧကရီဖုန်းကိုင်တာ အဲဒါကြောင့်ငါစိတ်တိုပြီးမပြောတော့ဘူးလို့ဆုံးဖြတ်လိုက်တာ''
သူမေလေးအားဖက်ထားရာမှခွာပြီးပုခုံးနှစ်ဖက်အားဆုပ်ကိုင်၍
''နင်ငါ့ကလေးကိုလွယ်ထားရပြီးဘာလို့ငါ့ကိုကွာရှင်းဖို့ပဲပြောနေတာလဲ အကယ်၍ဧကရီသာဒီနေ့မရှင်းပြခဲ့ရင် ငါလည်းငါ့ကလေးရှိနေတာသိလိုက်ရမှာမဟုတ်ဘူး နင်လည်းငါ့ကိုဘယ်တော့မှပြောပြတော့မှာမဟုတ်ဘူး ဟုတ်တယ်မလား''
