Unicode
ထူးခြားကသာသူ့ဒဏ်ရာကိုဆေးထည့်ပေးနေပေမယ့်ခမ်းနားကတော့ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေဆဲပင်။
မေလေးကအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့အိမ်ပေါ်ကဆင်းသွားတာမို့ဖုန်းရလည်းကျန်ခဲ့၍သူမေလေးတို့အိမ်ကအိမ်ဖုန်းကိုခေါ်နေတာပါ။
သို့သော်ဖုန်းကိုင်မယ့်သူမရှိ။အရင်ကသူ့အားသားအရင်းလိုချစ်ခဲ့တဲ့ဦးလေးတိမ်ယံဆီဆက်တော့လည်းဦးလေးကဒေါသသံမဟုတ်ရဲစိတ်ပျက်သွားတဲ့အသံဖြင့်
''ငါတို့မိသားစုနဲ့ကင်းကင်းနေပါတော့''
တဲ့လေ။သူဘယ်လိုနေနိုင်မှာလဲ။သူမေလေးကိုဘယ်လောက်ချစ်ရလဲ။သူလွယ်လွယ်တော့အဆုံးရှုံးမခံနိုင်ပေ။
ထိုစဥ်သူ့အဖေနဲ့အမေရောအဖွားပါအိမ်ထဲဝင်ချလာပြီး
''ခြေထောက်ကဘာဖြစ်တာလဲ''
''ပုလင်းကွဲစူးတာဒေါ်လေး''
ပန်းလေးကအစားဝင်ဖြေပေးလိုက်သည်။
''ဟင်း နည်းသေးတယ်''
ဒေါ်တကူးတို့သားဖြစ်သူနဲ့မျက်နှာချင်းဆိုင်ဝင်ထိုင်ပြီး
''ဝတီကငါ့ကိုဖုန်းဆက်တယ် မင်းနဲ့သူ့သမီးကိုဆက်မပေါင်းခိုင်းနိုင်ဘူးတဲ့ မကြာခင်ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးရမယ်တဲ့''
''ဗျာ မဟုတ်ဘူး မကွာရှင်းနိုင်ဘူး ဒါကျွန်တော်သက်သက်မဲ့လုပ်ကြံခံရတာမေမေရဲ့ ကျွန်တော်မေလေးနဲ့မကွာရှင်းနိုင်ဘူးမေမေ''
''လုပ်ကြံခံရတာကလည်းလုပ်ကြံခံရအောင်နေခဲ့လို့ပေါ့ မင်းသာမှန်မှန်ကန်ကန်နေခဲ့ရင်ခုလိုဖြစ်လာမလား''
''ဟုတ်ပါတယ်မေမေ ကျွန်တော်အသုံးမကျလို့ ကျွန်တော်မပြတ်သားလို့ပါ မေမေကျွန်တော့်ကိုကူညီပါဦး ကျွန်တော်မေလေးနဲ့မကွာရှင်းနိုင်ဘူး ကျွန်တော့်ကိုကူညီကြပါ ဖေဖေ ဖွားဖွား ကျွန်တော့်ကိုကူညီပါနော် ထူးခြား ငါ့ကိုကူညီကြပါကွာ''
''အဲဒါဟိုကလိမ်ကကျစ်မကိုပြောရမှာ မီးစရှို့တဲ့သူကပဲမီးငြှိမ်းရမယ်''