Unicode''ခမ်းနားကိုလုံးဝအလိုမလိုက်နဲ့နော်သမီး အဲ့ကောင်လေးကအကျင့်ကတစ်စက်မှကောင်းတာမဟုတ်ဘူး ငယ်ငယ်ကတည်းကငဆိုးကောင်''
သားဖြစ်သူမကောင်းကြောင်းအားချွေးမအားအတင်းချနေသောယောက္ခဖြစ်သူကိုကြည့်ပြီးမေလေးပြုံးလိုက်မိသည်။
''သူဟိုမိန်းကလေးနဲ့အဆက်အသွယ်လုပ်နေသေးလား''
''မလုပ်ပါဘူးဒေါ်လေးရဲ့ သူကမေလေးအပေါ်သစ္စာရှိပါတယ်''
''အေးပါ တစ်ခုခုအသံကြားကြည့် ဒင်းကိုအရေခွံစုတ်ပစ်မယ် သူတစ်ခုခုမူမမှန်ရင်ဒေါ်လေးကိုလာပြောနော်သမီး''
''ဟုတ်ကဲ့ပါဒေါ်လေး''
မေလေး ခမ်းနားအားအပြည့်အဝယုံကြည်သည်။သူကဘယ်သောအခါမှသစ္စာဖောက်မည့်မဟုတ်။
___________
သုံးရက်မြောက်နေ့ဒေါ်နွေတကူးတစ်ယောက်သူ့အိမ်သူပြန်သွားလေ၏။
''ကဲ ဒေါ်လေးလည်းပြန်ပြီဆိုတော့ကိုယ့်အခန်းကိုပြန်ကြွတော့''
သူကုတင်ပေါ်မှာခြေချိတ်ထိုင်နေတဲ့မေလေးရှေ့ရပ်ကာ
''ဘယ်လို ငါကဘာလို့ပြန်ပြောင်းရမှာလဲ ငါတို့တူတူနေမယ်လေ''
''မနေပါဘူး ဘာလို့တူတူနေရမှာလဲ''
''ငါတို့ကလင်မယားတွေလေ''
''ဘယ်သူပြောတာလဲ မလိုချင်ဘူး အခုပြောင်း နင်နဲ့တူတူမနေနိုင်ဘူး''
သူမေလေးဘေးဝင်ထိုင်ပြီးသူမကိုဖက်ကာသူမရင်ခွင်ထဲတိုးဝင်၍
''နင်ကလည်းဟာ ငါကနင်နဲ့တူတူနေချင်တာပါဆို မပြောင်းချင်ဘူး မပြောင်းနိုင်ဘူးဟာ နင်နဲ့ပဲနေမှာ နော် နော်လို့''
''ဖယ်စမ်းပါ ကလေးကြီးကျနေတာပဲ အသက်ရှူကြပ်တယ်''
''မဖယ်ဘူး ငါ့ကိုနင်နဲ့တူတူပေးနေမယ်ဆိုမှဖယ်မှာ ငါနင့်ကိုပြောပြီးပြီလေ ငါနင့်ကိုချစ်တယ်လို့ ကိုယ်ချစ်တဲ့သူနဲ့အနီးကပ်နေချင်တာပေါ့''
မေလေးသူမသိခင်ခိုးပြုံးလိုက်ပြီး
''ဒါဆိုနင်အောက်ဆင်းအိပ်''