ညသည် တိတ်ဆိတ်လွန်းသည်.. အမှန်ဆိုရသော် ဒီနေ့မှ တိတ်ဆိတ်လွန်းသည်ဟု ထင်မိသည်.. ခေါက်တုံ့ခေါက်ပြန် လျှောက်နေသော ခြေလှမ်းများကို ဆွဲဆန့်ကြည့်လျှင် ခရီးဝေး ရောက်နိုင်သည်။ နားထဲတိုးဝင်လာသော ဇနီးဖြစ်သူရဲ့ ညည်းညူသံကြောင့် ခြေလှမ်းတို့ ရပ်တန့်လိုက်သည်... နဖူးမှ ချလာသော ချွေးတို့ကို မသုတ်အား... အခြေအနေအရပ်ရပ်တို့အား နားစွင့်နေမိသည်... အခုလဲ ဇနီးသည်ရဲ့ ညည်းတွားသံက သူ့ရင်ကို ပူလောင်စေပြန်သည်... ရာသီဥတုဘယ်လောက်အေးအေး ရင်ထဲက အပူကို ဟန့်တားနိုင်စွမ်းမရှိပေ...
ကိုယ်ဝန်လရင့်ကြီးနဲ့ ဖွားခါနီးရက်မှာမှ ဆရာမကလဲ လစာထုတ်အစည်းဝေးသွားသည်တဲ့... ထို့ကြောင့်ပင် အိမ်နားက ဒေါ်ခင်နွဲ့အား ရွာက လက်သည် ဒေါ်ညိုကို အခေါ်ခို်ငးထားသည်... ထိုစဉ် အိမ်ရှေ့မှ မီးရောင်ကြောင့် ခြေလှမ်းသွက်သွက်ဖြင့် ထွက်လာခဲ့သည်...
"မခင်နွဲ့ ဘယ်မှာလဲ မညို.... တစ်ခါတည်း ခေါ်မလာဘူးလား..."
"မပြောချင်တော့ပါဘူး မောင်နိုင်ဦးရယ် ... သူ့ယောကျ်ားက မူးရမ်းနေလို့ ခေါ်လို့မရခဲ့ဘူး... မလိုက်ရဘူးတဲ့တော် ... လိုက်ရင်အသေပဲပြောတာနဲ့ ထိုင်ရာကနေကို မထရဲဘူး... ငါလဲ စောင့်နေသးတာပဲ... မဟန်တာနဲ့ ပြန်လာတာ.."
"ဟာဗျာ ဒုက္ခပါပဲဗျာ ... အဲတာဆို ဘယ်လိုလုပ်ရမလဲဗျ... ဟိုမှာ မြတ်မေ တော်တော်ခံနေရပြီ.."
"ကဲပါ အဲလောက်ကြီးလဲ စိတ်ပူမနေပါနဲ့... ငါ ဒေါ်လေးစောဦးကို သွားခေါ်လိုက်မယ်... အရင်လဲ ဆရာမ, မရှိရင် သူပဲ ကူညီပေးနေတာ... ကဲ ငါ သွားပြီးခေါ်လိုက်အုံးမယ် ..."
ဒေါ်ခင်နွဲ့ ထွက်သွားပြီးနောက် ဦးနိုင်ဦးသည် တရားစာရွတ်ရင်းဖြင့်သာ အိမ်အောက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြန်သည်...
"အမလေး မစန်းရယ် .. ဆရာမက မလာသေးဘူးလားဟင်..." ဘယ်လိုမှ မခံစားနိုင်သည့်အဆုံး နာကျင်နေရင်းကြားထဲက အံခဲကာ မေးလိုက်သည်...
"လာတော့မှာပါ...သွားခေါ်ခိုင်းတာပါတယ်... ခဏလေး သည်းခံနေလိုက်ပါအုံး... လမ်းနည်းနည်း လျှောက်လိုက်ပါအုံးလား..." ဆရာမ , မရှိဘူးဆိုတာ ကာယကံရှင်က မသိထားပေ... ခုချိန်မရှိဘူးလို့ပြောလိုက်ရင် အားငယ်သွားမည်မှာ အမှန်ပင်ဖြစ်သည်...
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....