အပိုင်း (၂၁)

317 13 3
                                    

ခုချိန်မှာ အနှစ် စိတ်ကြိုက် အော်ငိုခွင့်ရှိသည့်နေရာကိုသာ သွားချင်မိသည်.. ငိုချင်သမျှ ထိန်းချုပ်ထားရတာ ကြာရင် အနှစ် ရင်ဘတ်ကြီး ပေါက်ကွဲထွက်ကုန်တော့မည်.. မြင်မြင်သမျှ တွေ့သမျှကို ပေါက်ကွဲလိုက်ချင်သည်.. လမ်းတစ်လျှောက်ကျလာသော မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်.. အစ်မအေးသူတို့အိမ်ဝိုင်းထဲမှတစ်ဆင့် အိမ်ပြန်ရန် သူတို့အိမ်ဝိုင်းထဲ ဝင်လိုက်သည်..

"အဖြူစိမ်းနဲ့ ကျောင်းသူးလေး ရည်းစားမထားကြေး.. ရည်းစားဆိုတာ အလကား... IC ရောက်မှထား.. တိုးတက်နေတဲ့ သိပ္ပံခေတ် အင်ဂျင်နီယာဖြစ်မှချစ်.." မိကား၏ ပေါက်ကရလေးဆယ်တင်မက ပေါက်ကရရှစ်ဆယ်ပါ ပါးစပ်မှ ထွက်ကျလာသော စကားကြောင့် ဒေါသအလိပ်လိပ် ထွက်လာပြန်သည်..

" မိကား... အဲဒီကျက်သရေမရှိတဲ့ ကဗျာလား.. သံပေါက်လား.. အေး အဲတာ မကြားချင်ဘူး... ထပ်ဆိုမလာနဲ့.."

"အဲ နှစ်နှစ်ကလဲ နှစ်မျိုးပဲ.. ဒီမှာ အင်ဂျင်နီယာလုပ်တမ်း ကစားနေပါတယ်ဆိုမှ..."

မိကား စကားသံကို ကြားသော်လည်း ပြန်ပြောချင်စိတ်မရှိ.. အရင်လို စိတ်ကြည်နေတဲ့အချိန်ဆိုရင်တော့ အနှစ်ပါ အဲစာသားတွေကို လိုက်ရွတ်ကြည့်မှာပင်... အခုတော့ အနှစ်ကိုကြောက်လို့ ထပ်ဆိုမှာ မဟုတ်တာတော့ အသေအချာပင်.. ခုချိန်မှာ ဘယ်လိုအရာနဲ့ ဖြေမှ ပြေနိုင်မည်မသိ.. ဘာကို မကျေနပ်လို့ မကျေနပ်မှန်း အနှစ်ကိုယ်တိုင် သေချာမသိတော့.. ဒီအတိုင်း အရာရာကို ပေါက်ကွဲလိုက်ချင်သည်.. ရင်ထဲမှာ ပြည့်သိပ်နေတဲ့ ခံစားချက်က ဆိုးလှသည်.. သူငယ်ချင်းတွေဆီ ဖုန်းဆက်ရင် ကောင်းမလား.. ဖုန်းဆိုမှ ဖုန်းက ခင်ထားဆီမှာ ကျန်နေခဲ့တာဖြစ်သည်.. စိတ်အလိုမကျပါဘူးဆိုမှ တစ်ခုမှကို အဆင်မပြေပေ.. အိမ်ထဲဝင်ခါနီး အပေါက်ဝဘေးမှ တန်းစီချထားသော ရေဗူးတို့ကို ကန်ပစ်လိုက်သည်..

"အမလေး ရင်နှစ်သည်းမွှာရယ်... ကြမ်းတမ်းလှချည်လား.. ဘယ်လိုဖြစ်ရပြန်တာလဲ... ဒါလား မိန်းကလေး ဆိုတာ.." အမေက အနှစ် ကန်လိုက်တဲ့ ရေဗူးသံတွေကြားပြီး မီးဖိုခန်းထဲမှ အပြေးထွက်လာကာ ပြောသည်..

ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်Where stories live. Discover now