တိတ်တခိုး
ပန်းပွင့်တယ်ဆိုတာက သဘာဝပါခင်။
အလှကြည့်ခံချင်လို့ ပန်ဆင်ပါစေ ရည်စူးပြီး ဖူးပွင့်မဆင်။
ခင်ကြိုက်ရင် အညှာကို ချိုးပြီး
ခင်မြတ်နိုးတော့ ပန်ချင်ပန်ပေါ့
မပန်ချင် ခင်မကြိုက်တော့လဲ ပစ်လိုက်ပေါ့နော် ..ခင်..
ဆင်ချင်မှ ဆင်ပါတော့ ။
မဆင်လို့ပဲ ပစ်ပစ်
မမြင်လို့ပဲ ဖြစ်ဖြစ်ပေါ့
သစ်ရွက်ကြို သစ်ရွက်ကြားက
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင် ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့်
ခင်သိရင် ကျေနပ်ပါရဲ့
ရွက်ချက်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့... ။
မောင်စိန်ဝင်း(ပုတီးကုန်း)
"အဲတာပဲ အစီအစဉ်တကျ လုပ်ထားပြီဆိုရင် ဘယ်တော့မှ မအောင်မြင်ဘူး... စိတ်ဆင်းရဲတယ် တကယ် ..." အနှစ် လွယ်အိတ်ကို ကုတင်ပေါ် ပစ်တင်ချရင်း စိတ်ပင်ပန်းစွာ ပြောလိုက်သည်... မနက်ဖြန် ပြန်လာမည်လို့ ခင်ထားကို ပြောထားပြီးဖြစ်သည်... ကျောင်းကလဲ မနက်ဖြန် သောကြာနေ့ကို assignment တင်ရမည် Tutorial ဖြေရမည်တဲ့... တကယ့် ချက်ချင်းကြီးပင်... တနင်္လာနေ့လဲ ဖြေစရာတွေ တန်းစီလို့... တမင်များ လုပ်ထားသလား အောက်မေ့ရသည်..
"မဖြေဘဲ သွားကြမလား.. ငါတို့က ဘာမှမဖြစ်ဘူးနော်..." သက်ဝေက အနှစ် ဖြစ်နေတာကို ကြည့်ပြီး ပြောလာသည်..
"ရပါတယ်ဟာ... အနှစ်တစ်ယောက်တည်းလဲ မဟုတ်ဘူး... အားလုံး ၆ယောက်ဆိုတော့ အဆင်မပြေပါဘူး.. ရေချိုးတော့မယ် စိတ်ဖိစီးတယ်... ပြီးမှ ခင်ထားကို ဖုန်းဆက်လိုက်တော့မယ်.." ရေချိုးနေရင်းလဲ စိတ်ထဲမယ် မပြန်ဖြစ်တာကို တနုံ့နုံ့တွေးနေတော့သည်.. ပြန်ရမယ်ဆိုပြီး အနှစ် တအားပျော်နေခဲ့တာလေ.. ခုတော့ ပျော်ရတာထက် နှစ်ဆ ပြန်ခံစားရသည်.. အနှစ် ရေချိုးတာ နည်းနည်းကြာတော့ သက်ဝေက နောက်ကလိုက်လာသည်... ရေချိုးကန်မှာ အဆောင်သူတစ်ယောက်မှ ရေမချိူးကြသေး... အနှစ်တစ်ယောက်သာ စိတ်ညစ်ညစ်နဲ့ ဇိမ်ပြေနပြေ ချိုးနေလိုက်တာဖြစ်သည်... နောက်ဆုံး ခေါင်းပါ လျှော်ပစ်လိုက်သည်...
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Roman d'amourမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....