အပိုင်း (၁၅)

164 10 0
                                    

xxx သင်္ကြန်နှစ်ဉီးတူးပို့ တူးပို့ တူးသံမြူးသာယာ xxx သင်္ကြန်မယ်များ တူးပို့ တူးပို့ တူးမာရဲ့နော်ဗျာ xxx ငွေငန်းသံစုံ တူးပို့ တူးပို့ xxx အာရုံဖျော်ဖြေတာ မယ်တို့ကိုလဲ တူးပို့ တူးပို့ မာပါစေခင်ဗျာ xxx ရေဒီယိုမှ လာနေသော သီချင်းသံ သဲ့သဲ့ကို ကြားရသည်... နွေဦးရဲ့ တိတ်ဆိတ်မှုကြောင့် သီချင်းသံကို ပိုအာရုံရောက်စေသည်... xxx ပိတောက်တွေဝင်းလျံရွှေရည်လူး တူးပို့ တူးလဲ့ဝါ xxx ညှင်းလေဖြူးဖြူး ဆော်ကာမြူး xxx တူးပို့တူးညင်သာ xxx သင်္ကြန်ရေ အေးတာအေးတာ xxx သင်္ကြန်ရေ အေးတာအေးတာ xxx ရွှဲရွှဲလောင်းပါ တူးပို့ တူးပို့ xxx တူးသံမြူးသည်ချစ်ကြည်သင်္ကြန်ခါ xxx

ပူပြင်းခြောက်သွေ့သော နွေရာသီရဲ့ လွမ်းမောဖွယ် မြင်ကွင်းများသည် ရင်သပ်ရူမောဖွယ်ကောင်းလှသည်... အဝေးဆီမှ ချိုးကူသံသဲ့သဲ့ ကြားရသည်.. အိမ်ရှေ့က ပိတောက်ပင်ပေါ်တွင် ဥဩငှက်တစ်ကောင် တွန်သံကျူးလျက်ရှိသည်... တောရိပ်တောင်ရိပ်သို့ ရောက်ရှိသွားသလို ကျေးငှက်သရကာတို့အသံက ပတ်ဝန်းကျင်တွင် တေးသံသာလျက်ရှိသည်...

ကုလားထိုင်ပေါ်တွင်ထိုင်ကာ မျက်လုံးကို မှိတ်ထားလျက် ထိုတေးသံသာကို နားစိုက်ထောင်နေလိုက်သည်.. ထိုအခါ ရင်ထဲဝယ် အမည်မသိသော လွမ်းဆွတ်မှုက ရိုက်ခတ်လာပြန်သည်... ရင်ထဲမှာ လွမ်းသလိုလို ခံစားချက်ကြီးရှိနေပြီလို့ သိလိုက်ရရင် ခင်ထားမျက်နှာသာ ပြေးမြင်မိတော့သည်... ဒီနွေမှာလဲ ဒီစိတ်နဲ့ အနှစ် ရူးရလိမ့်အုံးမည်.. အနေနီးတော့ ချစ်အားပိုမိသည်.. အနေဝေးပြန်တော့ လွမ်းအားပိုမိသည်.. ခင်ထားအပေါ်တွင်တော့ အရာအားလုံး ပိုမိနေပြန်သည်... မျက်လုံးမှိတ်ထားသော်လည်း သူ့မျက်နှာလေး မြင်ယောင်လာပြန်သည်... အေးဆေးတည်ငြိမ်တဲ့ ဟန်ပန်လေးကို မိန်းကလေးချင်းဖြစ်တဲ့ အနှစ်တောင် အသည်းခိုက်မတက် ချစ်မြတ်နိုးနေပါလျှင် ပုရိသ ယောကျ်ားတို့ဆိုရင် ဆိုဖွယ်မရှိပေ.. ထိုအတွေးတွေ ခေါင်းထဲရောက်လာရင် အနှစ် ရင်ထဲ တင်းကျပ်နေအောင် ခံစားရသည်.. ထိုအခြင်းအရာတွေကို ခင်ထားက ဘာမှ မသိပေ... သူ့ကို ဒီလောက်ချစ်နေတာ ဘယ်ကြောင့်လဲလို့ ခင်ထား အတွေးဝင်ပြီး စဉ်းစားနေရအောင်လဲ အနှစ်ကကောင်လေးတစ်ယောက်လဲ မဟုတ်... ကောင်လေးသူငယ်ချင်းဆိုရင်တော့ ဒီအတွေး ဝင်ကောင်းဝင်လိမ့်မည်.. အခု အနှစ်က မိန်းကလေးတစ်ယောက်.. သူ့ကို ချစ်တယ်ဆိုတာကလဲ သူ့အနေနဲ့ ဘာအဓိပ္ပါယ်မှ ဖွင့်နေစရာမလို.. ဒီအတိုင်း သူငယ်ချင်းအချစ်.. ညီအစ်မအချစ်လို့ပဲ သူထင်နေလိမ့်မည်.. သူ့အနားမှာ တစ်သက်လုံး နေခွင့်ရမယ်ဆိုရင် အနှစ် ရင်ထဲက အချစ်တွေကို ထုတ်မပြောရလဲ ကျေနပ်မိမှာပါ.. သူ့အနားမှာ နေခွင့်လေးသာ ရှိချင်တာ...

ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်Where stories live. Discover now