အပိုင်း (၁၃)

144 9 0
                                    

စာမေးပွဲဖြေနေစဉ်ကာလအတွင်းမှာ အနှစ် ခင်ထားဆီကို ဖုန်းအကြာကြီး မပြောနိုင်တော့ပေ... တစ်ဘာသာဖြေပြီး နောက်တစ်ဘာသာဖြေဖို့အတွက်က စာပြန်နွေးဖို့ အချိန်လောက်ငှအောင် မနည်း ကြိုးစားရသည်... အိပ်ရေးဝအောင်လည်း အိပ်မှ စာမေးပွဲခန်းထဲ စိတ်ကြည်ကြည်နဲ့ ဖြေဆိုနိုင်မည် ဖြစ်သည်...

အနှစ်တို့ first year တွေက မနက်ပိုင်း ဖြေရတာဖြစ်သည်... စာမေးပွဲဖြေပြီးပြန်လာရင် ခဏနားသည်... ရေချိုးကြသည်.. ပြီးရင် ထမင်းစားကြသည်...

စားပွဲပေါ်တွင် ကြက်သားဟင်း... ချဉ်ရည်ဟင်း.. ပြောင်းဖူးကြော်... ငါးခြောက်ကင်ရယ်.. နောက်ပြီး ငရုတ်သီးကြော်တစ်ခွက်ရယ်ကို စားချင်စဖွယ်လေး ချက်ပြုတ်ထားသည်... အဆောင်ရှင်ကို ထမင်းချက်ပြုတ်ပေးသော အဒေါ်ကြီးကို ချက်ခိုင်းတာဖြစ်သည်...

"ပါဏာတိပါတာ မပါရင် ဟာတိဟာတာဖြစ်တယ်ဆိုတဲ့မိန်းမ ... စားနော် အားရပါးရ..." ဟိုတနေ့က အသားဟင်းမပါလို့ ညည်းညူနေသော သက်ဝေကို ရတနာမှ စ,လိုက်ခြင်း ဖြစ်သည်..

"နင်ပြောမှပဲဟယ်.. ငါက အမဲသားဟင်းမပါရင် မစားတတ်တဲ့ ပေါရိသာဒလားကြလို့.. စာမေးပွဲကာလ ဆိုတော့ အာဟာရမျှတအောင်လို့ ပြောတာကို .."

"ကဲပါ နှစ်ယောက်သား အချစ်စမ်းမနေကြနဲ့ .. စားမှာသာ စားကြပါ.." အနှစ် ဒီလိုပြောနေတာကိုပင် နှစ်ယောက်သားက မျက်စောင်းအပြိုင်အဆိုင် ထိုးနေကြသေးသည်.. ထမင်းစားပြီးတာနဲ့ ကျောင်းသွားဖို့ ပြင်ရသည်... ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ပင်ဖြစ်သည်...

"ရင်နှစ် ကြည့်ပါအုံး ငါ့ပစ္စည်းတွေ စုံရဲ့လားလို့.." ရတနာက သူရဲ့အိတ်ကို ဖွင့်ပြသည်..

"ဘောပင်..ခဲတံ..ပေတံ.. ကျောင်းသားကဒ်.. calculator .. ခဲဆံဘူး.. အင်း စုံပါပြီ ဘာမှမကျန်ဘူး... ပြီးရင်သွားရအောင် နာရီဝက်ကျော်ကျော်ပဲလိုတော့တယ်..နာရီဝက်အတွင်း ဝင်ရမှာကို..."

"သက်ဝေ တစ်ယောက်ကတော့လေ.. ဖြေဖို့ သွားခါနီးရင် အိမ်သာကို ဘယ်နှကျော့မှန်းမသိဘူး တက်နေတာ.." ရတနာက လက်ကနာရီကို ကြည့်ကာ ပြောလိုက်သည်.. ဒါကလဲ သက်ဝေရဲ့ အကျင့်တွေထဲက တစ်ခုပင် ဖြစ်သည်...

ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်Where stories live. Discover now