အပိုင်း (၉)

135 9 0
                                    

နွေရာသီ၏ အချိန်ကာလတို့သည် ရွက်ကြွေတွေလို တဖြုတ်ဖြုတ်နဲ့ ကုန်လွန်လာခဲ့ပြီဖြစ်သည်... အခုဆို မိုးဦးရာသီကို ‌ရောက်ခဲ့ပြန်သည်... စိုက်ပျိုး‌ရေး တစ်ဖန် စ,ရပြန်သည်... တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာများကို တွက်ကြည့်ရင် တောထဲမှာ အချိန်ကုန်နေတာပဲများသည်.. ရွာထဲ ကျန်နေခဲ့တာဆိုလို့ ကလေးသူငယ် လူမမယ်တွေနဲ့ သက်ကြီးရွယ်အို ဘိုးဘွားများသာ ဖြစ်သည်...

မိုးမလင်းခင်က စိုက်ခင်းထဲ ဝင်ကြသည်... မိုးလင်းက မိုးချုပ် စိုက်ခင်းထဲတွင်သာ အချိန်ကုန်ကြသည် တဟေးဟေး တဝါးဝါးဖြင့် ပျော်ရွှင်စွာ လုပ်ကိုင်သဖြင့် ပင်ပန်းလှသည်လို့ မထင်ရပေ... သီချင်း ညည်းသူညည်း.. စကားပြောသူပြောနဲ့ အချိန်ကုန်မှန်း မသိကြပေ... အချိန်တန်လို့ အိမ်ပြန်ရသော်လည်း အိမ်တွင် လူခွဲ၊လက်ခွဲမရှိသူများက အိမ်ပြန်ရောက်မှ ချက်ကြပြုတ်ကြရသည်... နောက်တစ်နေ့ မနက်စာအတွက်လည်း ပြင်ဆင်ရပြန်ရသည်... နေ့စဉ်ဒီလိုနဲ့ အချိန်ကုန်မှန်းမသိကုန်လွန်ခဲ့ရသည်...

ဒီနေ့တော့ ခင်ထား စိုက်ခင်းကပြန်လာတာ နောက်ကျသည်... မိုးကလဲ နည်းနည်းရွာလိုက်တာကြောင့် အလုပ်နှောင့်နှေးခဲ့တာဖြစ်သည်... ထို့ကြောင့် ရွာအဝင်ရောက်ခါနီးအချိန်တွင် အိမ်တိုင်းနီးပါးပင် မီးထွန်းနေကြပြီဖြစ်သည်...

"ခင်ထား နောက်ကျလိုက်တာဟာ ... အနှစ် ဘယ်လောက်စိတ်ပူနေလဲ သိလား..."

ကျွန်မ အိမ်ထဲဝင်,ဝင်ချင်း အနှစ်အသံကို စ,ကြားရသည်... ကျွန်မလက်က ပစ္စည်းများကို ယူလိုက်ပြီး လက်ကိုဆွဲကာ စကားဆိုပြန်သည်... အမေကတော့ အနှစ်ကို ပြုံးပြုံးကြီးကြည့်ကာ ခေါင်းတညိမ့်ညိမ့် လုပ်နေတော့သည်..

"သမီးရေ... သမီးလာလို့မှအတော်ပဲ... အမေ့ကို ဒီမှာ ရန်လာလုပ်နေတယ်..."

"ဒီထက်မှ နောက်ကျရင် အမေမြကိုခေါ်ပြီး ခင်ထားနောက် လိုက်လာမလို့လုပ်နေတာ..."

"ဟုတ်တယ် သမီးရေ... သမီးပြန်မလာသေးလို့ဆိုပြီး ဖင်,တကြွကြွလုပ်နေတာ ... အမေ့ကိုလဲ နေစိမ့်နိုင်လို့တဲ့တော်... သမီးဖြစ်သူ တောထဲက ပြန်မလာသေးတာကို စိုးရိမ်ပူပန်မှုမရှိလို့တဲ့.. အမေကို အပြစ်ဖို့နေတယ်... အမေလဲ နားပူတာနဲ့ အခုပဲ လိုက်လာမလို့လုပ်နေတာကွယ်... သမီးရောက်တာနဲ့ အတော်ဖြစ်သွားတာ.."

ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်Where stories live. Discover now