"သမီး ဒီကိုကြည့်အုံး.. နောက်တစ်ဗူး ထပ်ထည့်ပေးရအုံးမလား..."
အမေရဲ့စကားကြောင့် အလုပ်လုပ်နေရင်းမှ လှည့်ကြည့်လိုက်သည်... အမေက မြေပဲယိုတွေကို ပုလင်းနှင့် အပြည့်ထည့်နေသည်...
"တော်ပြီအမေ.. ဒီမှာလဲ ပဲလှော်တွေရော... မစားဖြစ်ရင် နှာမြောစရာကြီး..."
"ပေးလိုက်မှတော့ စားဖြစ်အောင် စားပေါ့ သမီးရဲ့.. ကုန်ပါတယ် သမီးတစ်ယောက်တည်းမှ မဟုတ်တာ.."
"ပြီးရော ပြီးရော အကုန်ထည့်ပေးလိုက်.." လှော်ထားသော ပဲတွေကို ဆန်ကောထဲထည့်ပြီး အခွံတွေကွာစေရန် လက်နဲ့ ပွတ်ချေလိုက်သည်..
"အဲ ကြည့်စမ်း.. မေ့တော့မလို့ သမီးရယ်... သွားယူလိုက်စမ်း တစ်ခါတည်း ထည့်ထားလိုက်ရအောင် မီးဖိုခန်းထဲက ကြောင်အိမ်ထဲမှာ ဇီးယိုဗူးရှိတယ်... အဲတာလေးရော ထည့်သွား... "
"ဟာ တော်ပြီအမေရာ.. မယူချင်တော့ဘူး.. ဇီးယိုဆိုတာ စိတ်နောက်တဲ့ သူတွေမှ စားတာ.. အနှစ် ဦးနှောက် အကောင်းကြီးရှိသေးတယ်.. "
"သမီးမယူရင် အိမ်မှာ အပိုပဲ ဖြစ်နေမှာပေါ့.. ဒါ ဇီးချိုသီးကို ကျိုထားတာ.. ပိုးပေါက်လဲမပါဘူး .. လုံးဝအသန့်ကို ရေအသေအချာ ဆေးပြီး လုပ်ထားတာသမီးရဲ့.. ယူသွားပါ .."
" ပြီးရော ပြီးရော .. သမီးတော့ သယ်စရာတွေ အများကြီးနဲ့ စိတ်ညစ်ပါတယ်..."
အနှစ် တစ်ယောက်တည်း ပစ္စည်းများဖြင့် ဒုက္ခရောက်မည်ပုံကို တွေးမြင်ယောင်မိသည်... ကျောင်းသွားဖို့ လေးငါးရက်လိုသေးသော်လည်း အမေက ခုကတည်းက ပြင်ဆင်နေပြီဖြစ်သည်..
"နောက်ပြီး အနှစ် ကျောင်းသွားမှာက လေးငါးရက်လောက်လိုပါသေးတယ် .. ဘယ်နှယ့်ကြောင့် အမေတို့က ဇွတ်ဇွတ်ကြီးကို အတင်းသွားခိုင်းနေတဲ့ပုံပေါက်နေရတာလဲ.."
"အမလေး မဟုတ်ပါဘူးရှင်... အတင်းသွားခိုင်းတာ မဟုတ်ပါဘူး.. အမေက ဒီအတိုင်း ပြင်ဆင်ထားတာပါ.. လေးငါးရက်ဆိုတာ ဘာကြာတာလိုက်လို့လဲ ... ခဏနေ တန်းရောက်သွားမှာကို.."
"မသိပါဘူး.. အမေတို့က အနှစ်ကိုများ မမြင်ကြတော့ဘူးလားလို့..." ဆန်ကောထဲက ပဲခွံများကို ရွေးထုတ်ရင်း ပြောလိုက်သည်..
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....