ကျန်နေခဲ့သော အနှစ်ကို ဂရုမစိုက်မိခဲ့.. သွေးထွက်များနေသော အစ်ကိုမင်းခန့် လက်ကိုသာ အာရုံရောက် နေမိသည်.. အိမ်အောက်သို့ရောက်သောအခါ အမေက ထိတ်လန့်ဟန်ဖြင့်
"မောင်မင်းခန့် ထိခိုက်မိတာလား သမီး... တော်တော်လေး များသလား.." လက်က သွေးများကို မြင်ကာ အမေက ပြောသည်.. အလွယ်တကူဆောင်ထားတတ်သော ဆေးဗူးကို ယူကာ ဆေးထည့်ဖို့ ပြင်လိုက်သည်.. အိမ်ရှေ့ကို လှမ်းကြည့်တော့ အနှစ် မရှိတော့ပေ.. ကျွန်မကို စိတ်ဆိုးသွားပြီဆိုတာ သူ့ပုံစံကြည့်ရုံဖြင့် သိသည်.. ဘာတဲ့ 'အနှစ် ခင်ထားကို မခေါ်တော့ဘူးနော် တဲ့' .. သိပ်ပြီး ကလေးဆန်တဲ့အနှစ် .. ကလေးတွေထုံးစံ ရန်ဖြစ်ရင် နင်နဲ့ငါနဲ့ မခေါ်ဘူးနော်လို့ ပြောကြသလို .. အခုလဲ ကျွန်မကို အဲလိုပြောသွားသေးသည်..
"မများပါဘူး အရီးမြရဲ့... သွေးပူနေတုန်းဆိုတော့ ဒီလိုပဲ သွေးထွက်များတတ်တယ်..."
ဂွမ်းစကို အရက်ပြန်ဆွတ်ကာ ဒဏ်ရာတစ်ဝိုက် သန့်ရှင်းမှုပြုလိုက်သည်.. တော်သေးတာက ဒဏ်ရာက သိပ်မကြီးပေ..
"ဘယ်လိုဖြစ်ပြီးတောင် ဒီလိုဖြစ်ရတာလဲ မောင်မင်းခန့်ရယ်.. တော်သေးတာပေါ့ . ဒဏ်ရာက နည်းလို့.."
"ဒီလို အရီးမြရဲ့ ..အောက်ကခံတဲ့ တုံးက မငြိမ်ဘူး ဖြစ်သွားတာ.. အဲတာချော်ပြီး ခိုင်းမိတာ.." အစ်ကိုမင်းခန့် ဒီလိုပြောမှ ကျွန်မမှာ သက်ပြင်းချနိုင်သည်.. ဒီပြဿနာမှာ အဓိက,က ကျွန်မနဲ့ ပတ်သက်နေမည်.. အနှစ်က ကျွန်မကြောင့်သာလွဲရင် ဘယ်သူနဲ့မှ ဒီလိုဖြစ်တတ်တာ မဟုတ်.. အနှစ် မကြိုက်တာ တစ်ခုခုလုပ်ခဲ့လို့သာ အနှစ်က ကိုယ်ထိလက်ရောက် ကျူးလွန်တာ ဖြစ်ရမည်... အမေ့ရှေ့မှာမို့ ဒီအကြောင်းကို မေးဖို့ကလဲ မဖြစ်ပေ..
"သမီး ခုနက ရင်နှစ်ကိုတွေ့မိသလားလို့.. ပြန်သွားတာလား.."
"ဟုတ်တယ်အမေ.. သမီးကို လာခေါ်တာ .. ဆေးထည့်ပြီးရင် လိုက်လာခဲ့မယ်ပြောလို့ ပြန်သွားတယ်.." အမေ့ကို ကြည့်ကောင်းအောင် ပြောလိုက်သည်.. အစ်ကိုမင်းခန့်ကို ပတ်တီးစည်းပေးလိုက်သည်.. အနှစ်ဆီ သွားဖို့ အချိန်ကြာသွားရင် အဲကောက်စိန်လေးကို မနည်းချော့နေရအုံးမည်..
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....