" ချိုင့်ကြီး ရှစ်လုံး..."
"ချိုင့်ကြီး ရှစ်လုံး..."
ရေဒီယိုတစ်လုံးဖွင့်ကာ သီချင်းနားထောင်နေစဉ် မိကားရဲ့ ခုနှစ်သံချီသွယ် အသံကို ကြားနေသည်... ထို့ကြောင့် ရေဒီယိုအသံကို လျော့လိုက်ကာ အမေ့ကို မေးလိုက်သည်...
"အမေ တောင်ဘက်အိမ်က မိကား ဘာတွေ အော်နေတာလဲ..."
"သိပါဘူး စာအုပ်ကြီးတော့ ကိုင်လို့ပဲ ... ကျန်တဲ့ကလေးတွေလဲ ရှိတယ် ..." တောင်ဘက်အိမ်သို့ တစ်ချက်လှမ်းကြည့်သည်...
" ချိုင့်ကြီးရှစ်လုံးဆိုလို့ ဘာတွေ အော်နေတာလဲလို့..."
"ဟုတ်လား သမီး... အဲလိုဆို သွားကြည့်လိုက်အုံး... လူကြီးတွေ ရှိပုံမပေါ်ဘူး... ကလေးတွေချည်းပဲ ..."
" ဟုတ်ဟုတ်... အဲလိုဆို သွားကြည့်လိုက်အုံးမယ်..."
အနှစ် သူတို့အိမ်ကို ရောက်သွားတော့ မိကားက ခုနက စကားလုံးကိုပဲ သက်ပြန်မရူ အော်နေပြန်သည်... ကျန်တဲ့ကလေးနှစ်ယောက်မှာ တစ်ယောက်က အိရတနာ,ကျန်တစ်ယောက်က အေးသူဇာ.. သူတို့ကလဲ စာအုပ်ကိုယ်စီနဲ့ စာရေးနေကြသည်...
"မိကား လူကြီးတွေ မရှိကြဘူးလား... အဖေရော ဘယ်သွားလဲ..." အနှစ် သူတို့ခေါ်တဲ့အတိုင်း ဦးလေးစံသောင်းကို မေးလိုက်သည်...
"အဖေလား ပြန်မလာသေးဘူး ... နွားကျောင်းသွားတယ်..." မိကားက စာအုပ်လေးကို ရင်ဘတ်မှာ ကပ်ရင်း ဆိုသည်... ကျန်တဲ့ကလေးနှစ်ယောက်ကလဲ ခေါင်းထောင်ကြည့်သည်... လက်ကနာရီကို တစ်ချက်ကြည့်လိုက်တော့ ဆယ့်တစ်နာရီပင်ထိုးတော့မည်...
"အဲဒါဆို မမကရော ဘယ်သွားတာလဲ..." မိကား တစ်ချက်စဉ်းစားလိုက်ပြီး
"ပဲ ရွေးသွားတယ် ..."
"နေပါအုံး မိကား... ခုနက ဆိုနေတဲ့ ချိုင့်ကြီးရှစ်လုံးဆိုတာ ဘာလဲ... လူကြီးတွေမရှိဘူးဆိုပြီး ချိုင့်တွေနဲ့ အိုးပုတ်တိုင်း ကစားမလို့လား..."
"နှစ်နှစ်ကလဲ ချိုင့်ကြီးရှစ်လုံးက ကစားလို့ရတဲ့ဟာမှ မဟုတ်တာကို..." မိကားက ဒါလေးတောင် မသိဘူးဆိုတဲ့ ပုံစံနဲ့ ရင်နှစ်ကို ကြည့်သည်...
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....