သီတင်းကျွတ်ကျောင်းပိတ်ရက်တွေသည် တဖြည်းဖြည်းကုန်ဆုံးလာပြီး ကျောင်းဖွင့်သည့်ရက်ကို ရောက်လာပြီဖြစ်သည်... ဒီလိုနဲ့ ကျောင်းစာတွေ ကြားထဲမှာ အနှစ် ခေါင်းစိုက်ရပြန်သည်... စာနဲ့နပန်းလုံးနေရပေမယ့် ခင်ထားဆီကိုတော့ တစ်နေ့တစ်ခေါက် မှန်မှန်ရောက်မြဲဖြစ်သည်... ဒီနေ့လဲ ကျောင်းကပြန်ရောက်ပြီး ရေချိူးထမင်းစားပြီးတဲ့အခါ ခင်ထားဆီသွားဖို့ ကျွန်မ ထွက်လာခဲ့လိုက်သည်...
ခင်ထားအိမ်ရောက်တော့ အနှစ်ကို ကျောပေးထိုင်နေသော အမျိုးသားတစ်ဦးကို တွေ့ရသည်... အမေမြနဲ့ ခင်ထားက အနှစ်လာရာကို မျက်နှာမူလျက် ထိုင်နေကြသည်... ခင်ထားက အနှစ်ကို မြင်တော့ လက်ထောင်ပြပြီး ပြုံးပြသည်... ထိုအခါ ကျောပေးထိုင်နေသောသူက အနှစ် ဘက်လှည့်လာသည်... ထိုသူကို တစ်ချက်မျှ ကြည့်လိုက်ပြီး ခင်ထားဘေးတွင် ဝင်ထိုင်လိုက်သည်... "ကဲ မောင်မင်းခန့် ဒါကလဲ အဒေါ့်သမီးလေးပဲဆိုပါတော့ ... ရင်နှစ်သည်းမွှာတဲ့... သက်ထားနဲ့အမွှာဆိုလဲ မမှားဘူးပေါ့..."
"ဟား... နာမည်က အပျံစားပဲ... ရုပ်ကလေးကလဲ ချစ်စရာလေး ..."
အနှစ်ကို ချစ်စရာလေးလို့ ပြောကတည်းက အဲလူကို အမြင်မကြည်တော့တာပင်... အဲအချိန်ကတည်းက ထိုလူကို မုန်းစရာကောင်းသောလူလို့ အနှစ်ရင်ထဲ မှတ်သားထားလိုက်သည်...
" အပြန်စားစား ... အသွားစားစားပါ... ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ... ပြီးတော့ အနှစ် ချစ်စရာကောင်းမှန်း ကိုယ့်ဘာသာ သိတယ်... ခင်ဗျားပြောမှ မဟုတ်ဘူး..." အနှစ်ပြောလိုက်တဲ့စကားကြောင့် ခင်ထားက လက်ကို လာကုတ်သည်... ထို့ကြောင့် သူ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်... ခင်ဗျားဆိုသော အသုံးကို တမင်ရွေးသုံးလိုက်ခြင်းဖြစ်သည်... ကျေးရွာနေသူများအဖို့ ရိုင်းတဲ့အသုံးတော့မဟုတ်ပေ... တစ်ခါတလေ ကိုယ်ပြောချင်တဲ့သူရဲ့နာမည်ကို မသုံးချင်တဲ့အခါ သုံးတဲ့နာမ်စားသာဖြစ်သည်... ခင်ဗျားကြီးဆိုရင်သာ ရိုင်းတဲ့အခေါ်လို့ သတ်မှတ်ရပေမည်...
" အဒေါမြရဲ့ သမီးတစ်ယောက်က စွာတေးလေးပဲ..."
ရုပ်ရည်က မဆိုးဘူးလို့ပြောလို့ရသော်လည်း... ယောကျ်ားတန်မဲ့ ဖောင်းကားထွက်နေသော ပါးစုန့်ကြီးက မုန်းစရာကောင်းလှသည်... တဟားဟားရယ်မောနေသော အနှစ်ရှေ့က မောင်မင်းခန့်ဆိုတဲ့ သူရဲ့ပါးကို ကုတ်ဖဲ့နေချင်နေတာ လက်ကိုယားနေတာပင်... အနှစ်ကို စကားရော ဖောရောလုပ်ပြီး ခင်ထားကို လှမ်းကြည့်နေတဲ့ အကြည့်တွေက တစ်မျိူးထူးခြားသည်... ရုပ်ကိုက နှာဗူးရုပ်လို့ အနှစ် စိတ်ထဲ တွေးပစ်လိုက်သည်...
![](https://img.wattpad.com/cover/365060280-288-k544221.jpg)
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....