"ရင်နှစ် စာကြည့်မနေစမ်းပါနဲ့ဟာ... ဒီနေ့ ပိတ်ရက်လေး အကျိုးရှိရှိ စာမကြည့်ပဲ နေရအောင်လား.." စနေနေ့ဖြစ်သောကြောင့် တစ်နေကုန် အပြင်မထွက်ဘဲ စာကြည့်မယ်ဆိုတဲ့စိတ်ကူးနဲ့ စာကြည့်စားပွဲတွင် ထိုင်ရုံရှိသေးသည်... ရတနာက အိပ်နေရာမှ နိုးလာကာ အနှစ် စာကြည့်တာ တွေ့သောကြောင့် ပြောခြင်းဖြစ်သည်...
"မကြည့်လို့ရမလား ရတနာရဲ့... အရင်က ကျောင်းပျက်ထားတဲ့စာတွေ အနှစ်မှမရသေးတာ..." အနှစ် စာအုပ်ကို ပိတ်ကာ ရတနာကို လှမ်းကြည့်ကာ ပြောလိုက်သည်..
"ထားလိုက်ပါဟာ... ငါ နောက်ပြီးကျရင် သေချာရှင်းပြတယ်..." ရတနာက ရယ်မောကာပြောလိုက်သည်... သူ့အကြောင်း သူသိလို့ဖြစ်သည်... သူက သူသာ နားလည်တာ သူများနားလည်အောင်က ရှင်းမပြတတ်ပေ..
"တော်ပါဟာ.. မနေ့ကတော့ အနှစ် ခေါင်းကိုက်ရောဂါရသွားတာပဲ.. နင် ရှင်းပြမှာဆို ကြောက်လွန်းလွန်းလို့ .." အနှစ် နားထင်ကို လက်ညှိုးဖြင့်ထောက်ကာ စကားဆိုတော့ သက်ဝေက လက်ခုပ်တီးကာ ရယ်သည်...
"အဲတာကြောင့် ပြောချင်တာ... စာက လူကို မပျော်ရွှင်စေဘူး သူငယ်ချင်းရဲ့... အချစ်က လူကိုပျော်ရွှင်စေတယ်.." ရတနာက စာကြည့်စားပွဲပေါ်က စားလက်စ နေကြာစေ့ထုတ်ကို လှမ်းယူကာ ပြောသည်...
"အဲတာ ဘာဆိုင်လို့လဲ... ပေါက်ကရ ကပြောပြီ.." သက်ဝေက ရတနာကို ကြည့်ကာပြောသည်..
"ပေါက်ကရ ပြောတာမဟုတ်ပါဘူး... စာနဲ့ပတ်သက်ပြီး စိတ်ညစ်နေရင် အချစ်ဆီဖုန်းဆက်လို့ ပြောချင်တာ..." ရတနာပြောသောစကားကို သက်ဝေမှ
"အချိန်တိုင်း ဖုန်းဆက်နေတဲ့သူကို ဖုန်းဆက်ပါ့လားလို့ သတိပေးနေသေးတယ်..."
သက်ဝေစကားကြောင့် အနှစ် ပြုံးမိလိုက်သည်..
"အချိန်မကျသေးလို့ မဆက်သေးတာ ... ဆက်မှာ စိတ်ချ ... အခုတော့ ခဏကျောဆန့်လိုက်အုံးမယ်..." သူတို့နှစ်ယောက်ကို ပြန်ပြောရင်း ကုတင်ပေါ် လှဲလိုက်သည်... မျက်လုံးကို အသာမှိတ်ထားရင် ပင်ပန်းထားသမျှကို အပန်းဖြေမိသည်..
"သက်ဝေ.. you see , I see, ဟိုမှာ အပေါက်ကြီး ... shut လိုက်စမ်းပါ ... ဒီမှာ mosquitoတွေ I ကို bite နေလို့.."
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Roman d'amourမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....