" ကဲ...ဆို..." မီးနင်းစာအုပ်ကို ကိုင်ကာ အနှစ် ရှေ့တွင် ရပ်နေသော မိကားကို စာပြိုင်ခိုင်းလိုက်သည်... လက်တစ်ဖက်ကလဲ တုတ်ချောင်းကို ဝေ့ရမ်းကာ တ,ဆဆ လုပ်နေလိုက်သည်... ပန်းပင်အမည်တွေတစ်လှည့် သစ်သီးအမည်တစ်လှည့် ကျက်ခိုင်းလာလိုက်တာ ဒီနေ့က သစ်သီးအမည်တွေဖြစ်သည်...တစ်နေ့မှ ဆယ်လုံးပဲ ကျက်ခိုင်းလိုက်သောစာသည် ပထမ၅လုံးတွင်တော့ ချောချောမွေ့မွေ့ ဆိုနိုင်သည်... ထို့ကြောင့် မိကားအသံသည် လော်စပီကာ မလိုဘဲနဲ့ကို တစ်ရွာလုံး ကြားနိုင်လောက်သည်...
" နှစ်နှစ် အခုက စပျစ်သီးရောက်ပြီနော်..."
"ဟုတ်တယ်ဆို..."
"grace.."
" မဟုတ်ဘူး မှားတယ်... graက မှန်တယ် c မဟုတ်ဘူး..." အနှစ် ဒီလိုပြောလိုက်တော့ မိကားသည် ခေါင်းကြီးကို အပေါ်ကို မော့ထားကာ နှုတ်ကလဲ တဖွဖွ ရွတ်နေသည်...
"အဲလိုဆို grae လား ...နှစ်နှစ်..."
"မဟုတ်ဘူး a e ကြားမှာ တစ်လုံးကျန်နေတာ..." မိကားစာပြိုင်နေတာကို အေးသူဇာက စာမကြည့်ဘဲ ငေးနေသောကြောင့် အနှစ် တုတ်နဲ့ချိန်ပြလိုက်ရသေးသည်...
"အဲလိုဆို နှစ်နှစ် အဲကြားထဲက a လား..."
"မဟုတ်ဘူး ..."
"အဲလိုဆို b ..." အနှစ်ခေါင်းရမ်းပြလိုက်သည်...
"အဲလိုဆို c ..." ထို့နောက် မိကားသည် a b c မှ ဆိုလာလိုက်တာ အဖြေမှန်ဖြစ်သော p နားရောက်မှ အဆိုရပ်ရတော့သည်...
"မိကား စာကို သေသေချာချာ မကျက်ဘူးနော်... ၁၀လုံးကျက်ခိုင်းလိုက်တယ် ၅လုံးလောက်က မရဘူးဆိုတော့ ဘယ်လိုလုပ်မလဲ... အဲတော့ ဂါဝန်လေးမ,ထားလိုက်ပါအုံး... အသားကောင်းတော့ တုတ်တောင်းတာပေါ့ ဟုတ်လား..." အနှစ် မိကား ခြေသလုံးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်...
"ကဲ နောက်တစ်ယောက်လာပြိုင်..." အနှစ် ခေါ်လိုက်တော့ အေးသူဇာက တုံ့ဆိုင်းဆိုင်းဖြင့် အနားရောက်လာသည်..
"ဆိုကြည့်ပါအုံး.. မနေ့က ကျက်ခိုင်းလိုက်တဲ့ မီးနင်းတွေ..."
ပထမ လေးငါးခြောက်ကြောင်းကိုတော့ အထစ်အငေါ့မရှိ အဆင်ပြေပြေဆိုနိုင်သည်...
YOU ARE READING
ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်
Romanceမပြယ်သော မေတ္တာတရားတို့သည် ကျွန်မရင်မှ ဖြစ်တည်၍ သူ့ထံပါး ငြိတွယ်လေသည်....