အပိုင်း ( ၈ )

145 12 0
                                    

"ပန်းလေးတစ်ပွင့် လွင့်လာတယ် ..."

အနှစ်လာတာကို မြင်သောကြောင့် ခင်ထားက စ,နေခြင်း ဖြစ်ပါသည်... ဒါကြောင့် အနှစ် ပုခုံးတစ်ဖက်ကို တစ်ချက် ပင့်ပြလိုက်သည်... ပြီးတော့ ခင်ထားအနား ဝင်ထိုင်လိုက်သည်... ခင်ထားကတော့ ဆန်ကောထဲက မကောင်းတဲ့ မြေပဲဆံတွေကို ရွေးနေသည်...

" ကြည့်ပါအုံး အနှစ်က စောစောစီးစီး နိုးလို့ပါလား... အရင်နေ့ကဆို ဒီအချိန်သိုးလို့ပါနော်..." ခင်ထားက ပြောလဲပြော ဆန်ကောထဲက မြေပဲဆံတစ်ချို့ကို ‌လက်ကလေးနဲ့ အသာဝေ့ကာ ရွေးနေသည်...

" ဟုတ်တယ် ... ဒီနေ့ ခင်ထားဆီ စောစောလေး လာချင်တာနဲ့ ရေချိူးပြီး ထွက်လာလိုက်တာ..."

"အမလေး... ခင်ထားဆီ စောစောစီစီးထပြီး လာချင်ရတဲ့အကြောင်းအရင်းက ဘာများလဲ အနှစ်ရဲ့..."

ခင်ထားရဲ့စကားကြောင့် အနှစ် ဘာပြန်ဖြေရမလဲ မသိပေ... အနှစ်လဲ ဒီအဖြေကိုပဲ သိချင်နေခဲ့တာမို့လား... "ဟယ် အနှစ်... တကယ်အကြောင်းအရင်းရှိလို့လား... ခင်ထားကို ပြောစရာစကားရှိနေတာလား..."

"အနှစ်က ဘာအကြောင်းရှိရမလဲ ခင်ထားရယ်... ခင်ထားဆီ လာချင်လို့ လာတာပေါ့လို့..." ခင်ထားယုံအောင် အနှစ် မှင်သေသေ မျက်နှာဖြင့် ပြောလိုက်ရသည်... တကယ်တော့ အနှစ်ရင်ထဲ ဗြောင်ဆန်နေတာ ခင်ထား သိမှာမဟုတ်...

"ဟာ အနှစ် ... ဘာလို့ရောပစ်လိုက်တာလဲ... သွားပါပြီ..." ခင်ထားဆီက အသံစူးစူးလေး ထွက်လာမှ သတိထားမိသည်... ဟုတ်သားပဲ ... ခင်ထား ဆန်ကောထဲ ခွဲထားတဲ့ မြေပဲဆံ တွေကို လက်နဲ့ ဝေ့လိုက်မိတာကို...

"အနှစ် သတိမထားလိုက်မိဘူး ခင်ထား... မကောင်းတဲ့ ပဲဆံတွေ သပ်သပ်ရွေးထားတယ်မှတ်လို့ လက်က မွှေလိုက်မိတာ..."

"ဟင်း ဒီနေ့ ဘာဖြစ်နေမှန်းတာ မသိတာ... ဖြစ်တော့ ဖြစ်နေတာပဲ..."

"ဘာမှမဖြစ်ပါဘူးဆို ခင်ထားကလဲ နှစ်မျိုး... ပေး ဒီဆန်ကော အနှစ် ပဲဆန်တွေ ပြန်ရွေးပေးမယ်..." စိတ်မကြည်သလိုပြောတော့ ခင်ထားက အနှစ်ကို ကြည့်လာသည်...

"တူတူရွေးမယ်လေ အနှစ်ရဲ့... အံမယ် ခုမှ ကြည့်မိတယ် ကြည့်စမ်း... အနှစ်က အလှတွေပြင်လာတာပဲ... သနပ်ခါးကို မှုန့်ညက်လို့ လိမ်းထားတာ... မွှေးလား..." ရုတ်တရပ် ဆိုသလိုပါပဲ ခင်ထားက အနှစ်ပါးကို နမ်းလိုက်တာဖြစ်သည်... တကယ့်ကို ရုတ်တရပ် မြန်မြန်ဆန်ဆန်ပါပဲ... ဒါပေမယ့် အနှစ်ရင်ထဲ နုံးချိသလို ခံစားသွားရတာလား... ကတုန်ကယင်ပဲ ဖြစ်သွားတာလား... ဘာခံစားချက်တွေလဲ အနှစ်ကိုယ်တိုင် မဝေခွဲတတ်တော့... သနပ်ခါးကိုပဲ မိုက်မိုက်ကန်းကန်း ဆက်လိမ်းရမလား... ဖြစ်လာမယ့် အကျိုးဆက်ကိုပဲ ရူးရူးမိုက်မိုက် ထွေးပွေ့ထားရမလား...

ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်Where stories live. Discover now