အပိုင်း ( ၂ )

240 11 0
                                    

ခင်ထားနှင့် အနှစ်တို့ ကိုးတန်းတက်ရသောနှစ်မှာပဲ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့သည်... ထိုပြောင်းလဲမှုသည် ခင်ထားနှင့်အနှစ်တို့ရဲ့ ရည်မှန်းချက်တွေကို ရိုက်ချိုးပစ်ခဲ့သည်... အဲတာကတော့ ခင်ထားအမေ ကျန်းမာရေး သိသိသာသာ မကောင်းဖြစ်လာသည်... အိမ်ထောင်ဦးစီး မရှိတဲ့ အတွက်ကြောင့် ဒေါ်ခင်မြကသာ အိမ်ရဲ့တာဝန်မှန်သမျှကို ထမ်းယူနေရသည်... ဒေါ်ခင်မြ မမာသော် ဒီတာဝန်တွေကို ခင်ထား ထမ်းဖို့ရာ ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်... ဒေါ်ခင်မြကလဲ ကျန်းမာရေးမကောင်း အိမ်ရဲ့စီးပွားရေးကိုလဲ ဦးစီးဦးဆောင်နဲ့ ဆောင်ရွက်ပေးမည့်သူလဲ မရှိပေ ...

"ခင်ထား ကျောင်းမတက်ရတော့ဘူးဆို ဟုတ်လားဟင်..." မေးလိုက်သော ရင်နှစ် စကားသံတို့သည် တုန်ယင်လျက်...

"ဟုတ်တယ်... အနှစ်နဲ့အတူတူ ကျောင်းတက်ခွင့်မရှိတော့ဘူး..." ရင်နှစ်မျက်နှာကို ကြည့်ကာ လေးလေးနက်နက် စကားဆိုသည်... မျက်ရည်လည်ရွဲနဲ့ ပြောနေတာမဟုတ်သော်လည်း ခင်ထားအသံမှာ ပျော့တော့နေသည်... ကျောင်းတက်ခွင့်မရှိတော့ဘူးဟု ပြောသောစကားတို့တွင် စကားသံသည် တိုးလျတိမ်ဝင်လျက်ရှိသည်...

"ဟင့်အင် မရဘူးပဲ... ခင်ထားကျောင်း တက်ကိုတက်ရမယ်... အနှစ် အမေမြကို သွားပြောမယ်..." သွားရန်ပြင်လိုက်သော ရင်နှစ်ကို လှမ်းဆွဲထားလိုက်သည်...

"ဟင့်အင် မရဘူးပဲလို့ အနှစ်ပြောနေကြလက်သုံးစကားလို ပြောနေလို့ ရမယ့်ကိစ္စမဟုတ်တော့ဘူး အနှစ်... ခင်ထားကိုယ်တိုင်က မတက်တော့တာ... အမေက ကျောင်းဆက်တက်ဖို့ပဲပြောနေတာပါ... ဒါပေမယ့်ဟာ အမေက အရင်လို ကျန်းမာတာမဟုတ်ဘူး... ခုလိုအချိန်မျိုးမှာ အမေ့နားမှာ အမေ့ကို ဂရုတစိုက်ပြုစုနေမှ အဆင်ပြေမှာဟ... အမေသာတစ်ခုခုဖြစ်သွားရင် ခင်ထားရင်ကျိုးရမှာ ... နောင်တရမယ့်အလုပ်မျိုးတွေ ဘာမှမလုပ်ချင်ဘူးအနှစ်ရယ်... နောက်ပြီး အိမ်ရဲ့စီးပွားရေးကို ခင်ထားပဲ ဦးစီးရတော့မှာ ... သူများကို အငှားခေါပြီး လုပ်ခိုင်းတယ်ဆိုတာက တကယ်တမ်းကျ အဆင်မပြေပါဘူး အနှစ်ရယ်... အဲတာကြောင့် ခင်ထားကိုယ်တိုင်ကပဲ အမေ့ကို ကျောင်းဆက်မတက်ဘူးပြောလိုက်တာ..."

ရင်ခွင်ကြား ခိုဝင်နားတဲ့ ချစ်သံစဉ်Where stories live. Discover now